Tanah merah (ကလန်တန်ပြည်နယ်) တွင် မြန်မာနိူင်ငံသားယာဉ်မောင်းနှင့်အတူ တရားမဝင်ဝင်ရောက်သူ မြန်မာ ၆ ဦး ဖမ်းဆီးရမိ
တာနားမေရာ၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်





အမှတ် (၉) နယ်ခြားစောင့်တပ်ရင်း (PGA) မှ Strike Force/Tiger Platoon အဖွဲ့သည် ယနေ့နံနက်အစောပိုင်း ၄ နာရီခန့်တွင် Lalang Pepuyu လမ်းစစ်ဆေးရေးဂိတ်၌ မြန်မာနိုင်ငံသား ၇ ဦး ကို ဖမ်းဆီးရမိခဲ့တယ်လို့ရေးသားဖော်ပြထားပါတယ်
ရမ်တောပန်ဂျန်း (Rantau Panjang) ဘက်မှ မောင်းနှင်လာသော မသင်္ကာဖွယ် Perodua Bezza ကားတစ်စီးကို တားဆီးစစ်ဆေးခဲ့ရာ
မြန်မာနိုင်ငံသား အမျိုးသား (၁) ဦး။
တရားဝင်အထောက်အထားမရှိသော မြန်မာနိုင်ငံသား အမျိုးသား (၄) ဦးနှင့် အမျိုးသမီး (၂) ဦးတို့ကို ထိန်းသိမ်းဖမ်းဆီးထားတယ်သိရပါတယ်
ယာဉ်မောင်းဖြစ်သူသည် ကွာလာလမ်ပူတွင်နေထိုင်သော မြန်မာ ဝံကြီး
တစ်ဦးထံမှ WhatsApp မှချိတ်ဆက် ပြီး ပို့ပေးတယ်လို့ သိရပါတယ်
ပို့ဆောင်ခအဖြစ်တစ်ဦးလျှင် ရင်းဂစ် ၃၀၀ (RM300) ရရှိပြီး တစ်လလျှင် ၃ ကြိမ်မှ ၄ ကြိမ်အထိ ပို့ဆောင်မူပြုလုပ်ခဲ့တယ်လို့ဝန်ခံထွက်ဆိုထားပါတယ်
ကားသမားက ကိုတာဘာရူး (Kota Bharu) မှတစ်ဆင့် ကွာလာလမ်ပူရှိ Pudu လက်ကားဈေး (Pasar Borong Pudu) သို့ ပို့ဖို့ ရည်ရွယ်ထားတယ်လို့
သတင်းရေးသားချက်အရ သိရပါတယ်
ဖမ်းဆီးရမိသူတို့ကို မူးယစ်ဆေးနှင့်ပတ်သတ်ပြိီး စစ် ဆေးခဲ့ရာ မူးယစ်ဆေးဝါး ကင်းတယ်ဟု အဖြေ ထွက်ပါတယ်
သိမ်းဆည်းရမိမှုကတော့ Perodua Bezza ကားတစ်စီးနှင့် လက်ကိုင်ဖုန်း ၃ လုံး (စုစုပေါင်းတန်ဖိုး ရင်းဂစ် ၄၈,၅၀၀ ခန့်)။
၂၀၀၇ ခုနှစ် လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုတားဆီးကာကွယ်ရေးအက်ဥပဒေ (ATIPSOM) ပုဒ်မ ၂၆A နှင့် ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)(ဂ) တို့ဖြင့် အမှုဖွင့်ထားသည်။
ဖမ်းဆီးရမိသူအားလုံးကို ဆက်လက်အရေးယူနိုင်ရန် တာနားမေရာရဲစခန်း (IPD Tanah Merah) သို့ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ပါတယ်
နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ကာကွယ်ရန်အတွက် နယ်ခြားစောင့်တပ်ဖွဲ့များက ကင်းလှည့်စစ်ဆေးမှုများကို ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားမည်ဟု အသိပေးထားပါတယ်
သတင်းရင်းမြစ် – အမှတ် (၉) နယ်ခြားစောင့်တပ်ရင်း (PGA)