ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်နေအိမ်သို့ စစ်တပ်က ပို့မယ်လို့သိရကြောင်း NLD သတင်းရင်းမြစ်ပြော
■NLD သဘာပတိ ဦးဝင်းထိန်နဲ့ ဝန်ကြီးချုပ် ၄ ဦးပြန်လွတ်
ဧပြီ-၁၇၊ ၂၀၂၆။ သော်မွန်/People’s Spring
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အိမ်အမှတ်(၅၄)ကို စစ်အုပ်စုက ပြန်ပို့မှာ ကျိန်း
သေပြီလို့ NLD သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌလည်းဖြစ်သူ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက နေအိမ်အကျယ်ချုပ်အဖြစ် ထားရှိမှာလို့ သတင်းရင်းမြစ်က ဆိုပါတယ်။ မင်းအောင်
လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စုဟာပြည်သူရွေး
ချယ်တင်မြှောက်ခံ အရပ်သားအစိုးရခေါင်းဆောင် အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မမျိုးစုံတပ်ပြီး နှစ် ၃၀ ကျော် ထောင်ဒဏ်တွေ မတရားသဖြင့် ချမှတ်ထားတာပါ။
စစ်အာဏာသိမ်းချိန်ကစလို့ ၅ နှစ်ကျော် နေပြည်
တော်အကျဥ်းထောင်နဲ့ စစ်ခေါင်းဆောင်တွေက လွဲလို့ ဘယ်သူမှ မသိရှိတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။
“စစ်တပ်က ဘယ်သူနဲ့မှ တွေ့ခွင့်မပေးဘူး။ ဘယ်အချိန် ပို့မလဲဆိုတာတော့ အတိအကျမသိရဘူး”
လို့ NLD သတင်းရင်းမြစ်က ဆိုပါတယ်။ ရန်ကုန်မြို့ကို ပြန်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်သူ NLD နာယက သူရဦးတင်ဦးနေအိမ်ကိုသွားရောက်ဂါရဝပြုမယ်လို့လည်းသိရကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။
“ဘဘဦးတင်ဦးအိမ် ရှင်းနေတာက အန်တီက ရန်ကုန်ရောက်ရောက်ချင်း ဘဘအိမ်သွားမယ်။ ကန်တော့မှာပေါ့။ အခုအဲဒီခြံတွေမှာ ထောက်လှမ်း
ရေးတွေ ဝင်ထွက်နေပြီ”လို့ သတင်းရင်းမြစ် ဆက်ပြောပါတယ်။
ဒါပေမဲ့ ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် လုံခြုံရေးနဲ့ စီမံခန့်ခွဲမှုအားလုံးကို လုပ်
ဆောင်နေတဲ့ NLD အစိုးရလက်ထက် ပြည်ထောင်
စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူက နေပြည်တော်ကနေ ရန်ကုန်ကို ဒီနေ့ သွားရောက်နေပြီလို့ သိရပါတယ်။ ဦးမင်းသူဟာ စစ်တပ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးခံခဲ့ရပြီး၂၀၂၆မတ်လလဆန်းမှာ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။
စစ်အုပ်စု ဒီနေ့ ပြန်လွှတ်ပေးတဲ့အထဲမှာ NLD သ
ဘာပတီ ဦးဝင်းထိန်လည်း ပါဝင်သလို NLD ဝန်ကြီးချုပ် ၄ဦးလည်း ပြန်လည် လွတ်မြောက်လာပြီလို့ သိရပါတယ်။
(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။
ဓါတ်ပုံ-File Photo)