အကြမ်းဖက် မင်းအောင်လှိုင်က အတင်းလုယူထားသော သမ္မတအဖြစ် ဧပြီလ ၁၀ ရက်နေ့တွင် ကျမ်းကျိန်ဆိုမည်ဖြစ်ပြီး ကျမ်းကျိန်ပွဲသို့ နိုင်ငံတကာမှ ခေါင်းဆောင်များ တက်ရောက်ရန် လိုက်လံဖိတ်ကြားနေ

အကြမ်းဖက် မင်းအောင်လှိုင်က အတင်းလုယူထားသော သမ္မတအဖြစ် ဧပြီလ ၁၀ ရက်နေ့တွင် ကျမ်းကျိန်ဆိုမည်ဖြစ်ပြီး ကျမ်းကျိန်ပွဲသို့ နိုင်ငံတကာမှ ခေါင်းဆောင်များ တက်ရောက်ရန် လိုက်လံဖိတ်ကြားနေ

🟥 ထိုင်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် အိန္ဒိယနိုင်ငံမှ ဝန်ကြီးအဆင့်သာ တက်မည်ဟု အကြောင်းပြန်

ရန်ကုန်၊ ဧပြီ ၇

အကြမ်းဖက် မင်းအောင်လှိုင်က အတင်းလုယူထားသော သမ္မတအဖြစ် ဧပြီလ ၁၀ ရက်နေ့တွင် ကျမ်း ကျိန်ဆိုမည်ဖြစ်ပြီး မင်းအောင်လှိုင်၏ကျမ်းကျိန်ပွဲသို့ နိုင်ငံတကာမှ ခေါင်းဆောင်များ တက်ရောက်ရန် လိုက်လံဖိတ်ကြားနေကြောင်း စစ်တပ်သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် နိုင်ငံတကာသတင်းများအရ သိရှိရသည်။

မင်းအောင်လှိုင်က ဧပြီလ ၁၀ ရက်နေ့ ၎င်း၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ထိုင်း၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘယ်လာရုစ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက် နမ် အပါအဝင် အာဆီယံ၊ ကုလသမဂ္ဂ နှင့်မိတ်ဖက်နိုင်ငံများမှ ခေါင်း ဆောင်များ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ဧပြီ ၁၀ ရက်နေ့ သမ္မတအဖြစ် ကျမ်းသစ္စာ မကျိန် ဆိုမီ ဝန်ကြီး၊ဒုဝန်ကြီးများ အဆိုပြုခန့်ထားခြင်း၊ တိုင်း/ပြည်နယ်ဝန်ကြီး ချုပ်များ အဆိုပြု ခန့်ထားခြင်း၊ နိုင်ငံအဆင့် အဖွဲ့အစည်းများ ဖွဲ့ စည်းခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

မင်းအောင်လှိုင်၏ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အိန္ဒိယနိုင်ငံဘက်မှ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင်၊ တောရိုင်းတိရစ္ဆာန်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးဌာန၏ ဝန်ကြီး (Minister of State) ကာတီဗာဒန်ဆင်း ၊ ထိုင်းနိုင်ငံဘက်မှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ပန်ပရီ ဘဟီဒါနုကရာ (Parnpree Bahiddha-Nukara)တို့ တက်ရောက်ကြမည်ဖြစ် ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရသည်။