ဆီအတွက်သတင်းကောင်း။ ထိုင်းကမြန်မာကိုဆီလီတာ(၃)သိန်းနေ့စဥ်ပေးပို့နေ

ဆီအတွက်သတင်းကောင်း။
ထိုင်းကမြန်မာကိုဆီလီတာ(၃)သိန်းနေ့စဥ်ပေးပို့နေ
=====÷÷÷=

#DMM
မြန်မာနိုင်ငံသို့ လောင်စာဆီ တင်ပို့မှုကိုပိတ်ပင်သွားမည်မဟုတ်ကြောင်း၊ ယခုအခါ
နေ့စဥ် လောင်စာဆီ လီတာပေါင်း(၃)သိန်းခန့် တင်ပို့လျက်ရှိကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြချက်အရသိရှိရသည်။
ထိုင်းနိုင်ငံရှိ အဓိကလျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံအတွက် မရှိမဖြစ်လိုအပ်သည့် သဘာဝဓာတ်ငွေ့ကိုမြန်မာနိုင်ငံထံမှ ဆက်လက်တင်သွင်းနိုင်ရေးအတွက်
မြန်မာနိုင်ငံသို့ လောင်စာဆီပြန်လည်တင်ပို့ပေးနေရခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် လောင်စာဆီပြတ်လပ်မှုဖြစ်ပေါ်နိုင်သည့်ကိစ္စရပ်နှင့် ပတ်သက်၍ ဝန်ကြီးချုပ် အနုတင်ချာန်ဝီရာကုလ်က လာအိုနှင့် မြန်မာမှအပ အခြားနိုင်ငံခြားနိုင်ငံများသို့ လောင်စာဆီတင်ပို့မှုကို တားမြစ်သည့် အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။
#DMM
#THE STAR