မပေါ့ဆကြပါနဲ့! အထူးသတိထားရမယ့် လေပြင်းအန္တရာယ်

မပေါ့ဆကြပါနဲ့! အထူးသတိထားရမယ့် လေပြင်းအန္တရာယ်
ဒီနေ့ကနေ စပြီး ဧပြီလ ၁ ရက် အထိ နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ လေပြင်းတွေ တိုက်ခတ်နိုင်ပါတယ်။
⚠️ ဘယ်နေရာတွေမှာ ပိုသတိထားရမလဲ?
ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေ
မန္တလေး၊ စစ်ကိုင်း၊ မကွေး တိုင်း ၃ခုဆုံတဲ့ နေရာတွေမှာ လေတိုက်ပိုကြမ်းနိုင်ပါတယ်!
ဘာတွေ ကြိုပြင်ဆင်ရမလဲ?
အိမ်တွေ၊ အမိုးအကာတွေကို ခိုင်ခံ့အောင် ပြင်ဆင်ပါ။
သီးနှံအခြောက်လှန်းတာတွေ လေနဲ့မပါအောင် သေချာ သိမ်းဆည်းထားကြပါ။
လေတိုက်ကြမ်းနေချိန်မှာ မီးဘေးအန္တရာယ် မပေါ့ဆပါနဲ့၊ အထူးသတိထားပါ။
မိသားစုနဲ့ သူငယ်ချင်းတွေကို ခုလေးတင် ဒီသတင်းလေးမျှဝေပေးလိုက်ပါ၊ အားလုံး ဘေးကင်းကြပါစေ!
#လေပြင်း #သတိပေးချက် #MyanmarWeather #SafetyFirst #ကယား #ချင်း #ရှမ်း #မန္တလေး #စစ်ကိုင်း #မကွေး #နေပြည်တော် #နိုင်ငံတကာသတင်း #မြန်မာသတင်း