စက်သုံးဆီဂယက်ကြောင့် ထိုင်းရောက်မြန်မာလုပ်သား အစုအပြုံလိုက် အလုပ်ဖြုတ်ခံရ
22 Mar 2026 By Htet Soe Lin / MPA
ထိုင်းနိုင်ငံမှာ စက်သုံးဆီဂယက်ကြောင့် မြန်မာလုပ်သားတွေ အစုလိုက်အပြုံလိုက်အလုပ်ထုတ်ခံနေရတယ်လို့ ထိုင်းရောက်အလုပ်သမားအရေးဆောင်ရွက်နေသူတွေက MPA ကို ပြောပါတယ်။
လက်ရှိ ထိုင်းနိုင်ငံအတွင်းက မြန်မာစက်ရုံလုပ်သား ၇၀၀ နီးပါး အလုပ်ဖြုတ်ခံထားရပြီး နောက်ထပ် အယောက် ၈၀၀ လောက် ဖြုတ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
#စက်သုံးဆီ #ထိုင်းရောက် #မြန်မာလုပ်သား #အလုပ်ဖြုတ်ခံရ #MPA #Myanmar