စစ်တပ်လွှတ်တော်ခေါ်ချိန် နေပြည်တော်မှာ ငလျင်လှုပ်
မတ်-၂၃၊၂၀၂၆။လူအေး/People’s Spring
နေပြည်တော်ကို ဗဟိုပြုပြီး ဒီနေ့ မတ်လ ၂၃ရက် ညနေပိုင်းမှာ လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၄ ဒဿမ၄အဆင့် ငလျင်ဟာ လှုပ်ရှားမှုပြင်းထန်ပြီး ဒေသခံတွေ လမ်းပေါ် ပြေးထွက်ခဲ့ကြရပါတယ်။
မတ်လ ၂၃ ရက် ညနေ ၆နာရီ ၁၄မိနစ်မှာ ငလျင်လှုပ်သွားတာပါ။
” ငလျင်က ထူးဆန်းတယ်။ ပြင်းလွန်းလို့ ဆင်းပြေးရတယ်။ နေပြည်တော်မို့လို့ ပိုကြောက်တယ်။ လွှတ်တော်ခေါ်တဲ့ရက်မို့”လို့ ပျဉ်းမနားမြို့ခံတစ်ဦးက ပြောပါတယ်။
နေပြည်တော်မှာ စစ်တပ်က လွှတ်တော်ခေါ်နေပြီး သမ္မတရွေးဖို့ စီစဉ်နေချိန် ငလျင်လှုပ်တာမို့ ဘာ
သာရေးအယူအဆအစွဲရှိ သူတွေက စိုးရိမ်နေတာပါ။
“ပြည်သူကို သတ်၊ ရပ်ရွာကို မီးလောင်တိုက်သွင်းနေတဲ့ မင်းအောင်လှိုင် သမ္မတနေရာယူမှာပါ။ နိုင်ငံက ဘယ်လိုလုပ်ကံကောင်းနိုင်ပါ့မလဲ”လို့ နေပြည်
တော် ဒက္ခိဏသိရိမြို့က အသက်(၇၀)ခန့် အဖွားအိုတစ်ဦးက!ပြောပါတယ်။
ငလျင်ကမြေအနက် ၆မိုင်ခန့်ကို ဗဟိုပြုပြီး လှုပ်သွားတာလို့ ထိုင်းမိုးလေဝသဌာနက ထုတ် ပြန်ထားပါတယ်။၂၀၂၅ မတ်လ ၂၈ရက်က စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုပြီး လှုပ်ခဲ့တဲ့ ရစ်ခ်တာစကေး ၇ဒဿမ၇ ငလျင်က လာမယ့် မတ်လ ၂၈ရက်မှာ ၁နှစ်ပြည့်မှာပါ။လူထောင်ချီ သေဆုံးစေပြီး မြန်မာ့သမိုင်းတလျှောက် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်စေခဲ့တဲ့ စစ်ကိုင်ငလျင်ကြီးကြောင့် နေပြည်တော်မှာလည်း လူသေဆုံးဒဏ်ရာရသူ ၊အဆောက်အအုံပျက်စီးမှုများပြားခဲ့ပါတယ်။
(၂၀၂၅မတ်လ၂၈ရက်ကလှုပ်ခတ်တဲ့ငလျင်ကြီး
ကြောင့်နေပြည်တော်ကလွှတ်တော်အဆောက်
အဦး ပျက်စီးနေတာကို တွေ့ရစဉ်။ဓာတ်ပုံ – CJ)


နေပြည်တော်၊ ပျဉ်းမနားမြို့အနီး ဗဟိုပြု၍ အင်အား ၄.၄ အဆင့်ရှိ မြေငလျင် လှုပ်ခတ်
ရန်ကုန်၊ မတ် ၂၃
နေပြည်တော်၊ ပျဉ်းမနားမြို့အနီး ဗဟိုပြု၍ အင်အား ၄.၄ အဆင့်ရှိ မြေငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း NUG အစိုးရ လူသားစာနာဌာန ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောကြားချက်အရ သိရသည်။
ယနေ့ မတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၁၄ မိနစ်ခန့်တွင် နေပြည်တော်၊ ပျဥ်းမနားမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၄ အဆင့်ဖြင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုမြေငလျင် လှုပ်ခတ်မှုကို ပြည်သူများ သိသာစွာ ခံစားခဲ့ရပြီး အထပ်မြင့်တိုက်များနှင့် နေအိမ်ပေါ်မှ ဆင်းပြေးသူ တချို့လည်းရှိကြောင်း သိရသည်။
“ပျဉ်းမနားမှာတော့ ငလျင်လှုပ်တာ သိသိသာသာ ခံစားရတယ်။ အိမ်ပါ လှုပ်သွားတာ အထပ်မြင့်တိုက်ပေါ်က ပြည်သူတချို့တော့ကြောက်လန့်ပြီး လမ်းပေါ် ထွက်ပြေးတာတွေလည်းရှိတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မကြားမိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပြည်သူ ၄၀၀၀ ကျော်သေဆုံးခဲ့ပြီးနောက် ပြည်သူများ ငလျင်အန္တရာယ်ကို အကြီးအကျယ် စိုးရိမ်နေကြခြင်းဖြစ်သည်။
ဓာတ်ပုံ – စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် ပျက်စီးသွားသော အကြမ်းဖက် လွှတ်တော် အဆောက်အဦး (ပုံအဟောင်းဖြစ်သည်)