KNLAတပ်မဟာနှစ်ခုရဲ့ပူးပေါင်းစစ်သင်တန်းဆင်းပွဲမှာ ရဲဘော် ၄၅၀ ကျော်ကို လက်နက်တပ်ဆင်

KNLAတပ်မဟာနှစ်ခုရဲ့ပူးပေါင်းစစ်သင်တန်းဆင်းပွဲမှာ ရဲဘော် ၄၅၀ ကျော်ကို လက်နက်တပ်ဆင်
■”စစ်ရေးမြှင့်တင်ဖို့အတွက်တော်လှန်ရေး လက်
နက်ကိုင်အဖွဲ့အစည်း အားလုံး တစုတစည်း ညီညီညွတ်ညွတ်နဲ့ စစ်တိုက်ပါ။” -ဒုဗိုလ်မှူးကြီး စောမူးဂေ (KNLA တပ်ရင်း ၂၇ တပ်ရင်းမှူး)
မတ်-၂၂၊ ၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်
အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မှ ရဲဘော် ၄၅၀ ကျော်ပါဝင်တဲ့ စစ်သင်တန်းဆင်းပွဲ ယမန်နေ့ မတ်လ ၂၁ရက်က ကျင်းပခဲ့ပြီး ရဲဘော်အားလုံးကို လက်
နက်တပ်ဆင်မှု ပြုလုပ်ခဲ့ကြောင်း KNLA တပ်မှူး တဦးက ပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
-KNLA တပ်မဟာ ၆ ဗျူဟာမှူး ဗိုလ်မှူးကြီးစောရန်နိုင်(ခ) စောနယ်ဒါးထူး ဦးဆောင်သော KNLA အထူးဗျူဟာ အမှတ်(၂)အခြေခံ စစ်သင်တန်းဆင်းပွဲကို ကျင်းပခဲ့တာဖြစ်ပြီး KNLA -အထူးဗျူဟာအမှတ်(၂) မှ KNLA တပ်ရင်း ၂၇၊ တပ်
ရင်း ၁၂၊ တပ်ရင်း ၁၀မှ ရဲဘော် ၄၅၃ ဦးသင်
တန်းဆင်းခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းရဲဘော် ၄၅၃ ဦးကို လက်နက်တပ်ဆင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။
“စစ်ရေးမြှင့်တင်ဖို့အတွက် တော်လှန်ရေး လက်
နက်ကိုင်အဖွဲ့အစည်း အားလုံး တစုတစည်း ညီညီညွတ်ညွတ်နဲ့ စစ်တိုက်ပါ။ ဒီစစ်အာဏာရှင် မပြုတ်မချင်း တော်လှန်ရေးတပ်ဖွဲ့အသီးသီးမှာ အောင်ပွဲယူပြီး ပန်းတိုင်ရောက်ဖို့ ဆက်သွားပါ။” လို့လည်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောမူးဂေက ပြောပါတယ်။
KNLA တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင် အတွင်း
ရေးမှူး ပဒိုစောအယ်နားကလည်း အခု ကျင်းပတဲ့ စစ်သင်တန်းဆင်းပွဲဟာ စုပေါင်း စစ်သင်တန်းတခုဖြစ်တယ်လို့ ပြောပြပါတယ်။
KNLA တပ်မဟာ(၆)တပ်ရင်း၂၇နဲ့ တပ်မဟာ(၄)
တပ်ရင်း ၁၂ အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဟာ မတ်လ၁၁ရက်က တပ်မဟာ (၄) နယ်မြေ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဝင်းဝစစ်ကောင်စီတစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အလားတူစစ်ဆင်ရေးမျိုး ဆက်လက်ဖော်ဆောင်သွားဖို့ရှိတယ်လို့လည်း KNLA နဲ့ အတူ ပူး
ပေါင်းပြီးစစ်ကောင်စီကိုတိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုက်
စစ်ဌာနက အသိပေးထားပါတယ်။
(KNLA -အထူးဗျူဟာအမှတ်(၂) မှ KNLA တပ်ရင်း ၂၇၊ တပ် ရင်း ၁၂၊ တပ်ရင်း ၁၀ မှရဲ​ဘော်​တွေရဲ့ စစ်သင်တန်းဆင်းပွဲကို​တွေ့ရစဥ်။
ဓါတ်ပုံ-KNLA တပ်ရင်း ၂၇)