ဇေကမ္ဘာစက်မှုဇုန်ရှိ Speed အချိုရည်စက်ရုံ မီးလောင်ပြီး ပျက်စီးဆုံးရှုံးမှုများပြား (ရုပ်/သံ)
မတ် ၁၅၊ ၂၀၂၆
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာစက်မှုဇုန် ၁၀ လမ်းက Speed အချိုရည်စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် မနေ့ည ၈ နာရီဝန်းကျင်လောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး Level 2 အဆင့်နဲ့ မီးငြိမ်းခဲ့ရကာ ည ၉ နာရီကျော်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးမှုများပြားခဲ့ပေမဲ့ လူထိခိုက်မှုရှိ၊ မရှိနဲ့ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။
Video-Thurein Tun