Breaking NEWS
ပြည်ကြီးတံခွန်မြို့နယ်က KBZ(စက်မှုပန်းခြံ)ဘဏ်ခွဲ ဓါးမြတိုက်ခံရ
မန္တလေး၊ မတ်- ၁၃- ၂၀၂၆
VOICE OF MYANMAR
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက် ၁၃၄နဲ့ ၁၃၅ ကြား ရန်ကုန် – မန္တလေးလမ်းမပေါ် အမှတ် ၄၂ KBZ ဘဏ်ခွဲ(စက်မှုပန်းခြံ)ကို ဒီကနေ့ မတ်လ ၁၃ ရက်နေ့ နေ့လယ် ၃ နာရီ ၁၅ မိနစ်မှာ ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။
ဓားပြတိုက်သူတွေဟာ Scopyiအမဲရောင်နဲ့ ဂျင်းဘောင်းဘီ အပြာရောင် အကျီးဖလံထည် ဝတ်ထားတဲ့ လူနှစ်ယောက်ကဆာလာအိတ် ၂ အိတ် နဲ့ ငွေတွေယူဆောင်သွားပြီး သေနတ်နှစ်လက်ပါတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလှိုင်လ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီ တုန်းကလည်း ဒီဘဏ်မှာပဲ ငွေကျပ် သိန်းတထောင့်ရှစ်ရာ နီးပါး ဓားပြတိုက်ခံရပါသေးတယ်။
ကနဦး သိရှိချက်ကို တင်ပြခြင်းဖြစ်ပြီး အသေးစိတ်ကိုတော့ စုံစမ်းမေးမြန်းပြီး အပြည့်အစုံ တင်ပြပေးပါ့မယ်။
#voiceofmyanmar #vom #mandalay #KBZ #ဘဏ်ဓားပြမှု #ဓားပြ #ဘဏ်