စစ်တွေအနောက်ခြမ်း မယူမြစ်ဘေးရှိ စခန်းများ AA စစ်ဆင်

အာရက္ခတပ်တော် (AA)က မြို့တော်စစ်တွေ သိမ်းပိုက်ရေး စစ်ဆင်နေရာ မြို့မြောက်ခြမ်းရှိ ရွှေမင်းဂံရေတပ်ကိုသာမက ယခုအခါ မြို့အနောက်ခြမ်း မယူမြစ်ဘေးမှ တပ်ရင်းတပ်စခန်းများကိုပါ တိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်နေသည်။
အတိုက်ခံရသည့် စခန်းများမှာ ရသေ့တောင်မြို့နယ်အနီးရှိ စစ်တွေအနောက်ခြမ်း ပါဒလိတ်တပ်ရင်းနှင့် တမိုင်အကွာ မယူမြစ်ကမ်းဘေးမှ ကြွီတဲနှင့် အမြင့်ကျွန်းတဝိုက်မှ ကာကင်းများဖြစ်သည်။
ကြွီတဲရွာသည် စစ်တွေရှိ ပါဒလိတ်တပ်ရင်းနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တို့ကို ကာကွယ်ရန် အင်အား ၁၀၀ ကျော် ချထားသည့် အဓိက ကာကင်းစခန်းကြီးတခုဖြစ်ပြီး AA သိမ်းထားသည့် ရသေ့တောင်မြို့နယ် မစဲကျွန်းနှင့် မယူမြစ် သာခြားသည်။
“မြစ်ကမ်းတလျှောက်လုံး မိုင်းတွေရော၊ ဆက်သွယ်ရေးမြောင်းတွေရော တူးပြီး ကာထားတဲ့စခန်းကြီးတွေပါ၊ တရွာလုံး က လူတွေကို နှင်ထုတ်ပြီးတော့ စခန်းချထားတာ။ အင်အားကလည်း တရာမကဘူး” ဟု စစ်ရေးသတင်းရင်းမြစ်တဦး က ပြောသည်။

စစ်တွေအနောက်ခြမ်း မယူမြစ်ဘေးရှိ စခန်းများ AA စစ်ဆင်
ဧရာဝတီ၊ ၁၀၊ မတ်၊ ၂၀၂၅

ထို့အတူ အမြင့်ကျွန်းရွာသည်လည်း စစ်တွေမြို့နယ်၏ အစွန်ဆုံးတွင် တည်ရှိပြီး ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်တို့နှင့် ဆက်စပ်နေကာ မြို့စွန်ရှိ အဓိကကာကင်းတခုဖြစ်သည်။
“ပါဒလိတ်နဲ့ အမြင့်ကျွန်းစခန်းရရင် ပါဒလိတ်တပ်ရင်းထဲ တန်းရောက်သွားမှာ။ ပါဒလိတ်ရောက်ရင်တော့ တ လျှောက် လုံး တပ်ရင်းတွေချည်းပဲ။ ဒကစထိ ပေါက်သွားမှာပေါ့” ဟု AA ထိန်းချုပ်နယ်မြေရောက် စစ်တွေမြို့နယ် အမြင့်ကျွန်း ရွာသားတဦးက ရှင်းပြသည်။
လက်ရှိမှာ စစ်တွေမြို့ပေါ်ရှိ စစ်တပ်မှ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များသို့ လက်နက်ကြီးဆက်တိုက် ပစ်နေပြီး စစ်တွေမြို့တွင်း၌လည်း စစ်ကားများ သွားလာနေကာ စစ်ဆေး၊ ဖမ်းဆီးမှုများလည်း ရှိနေကြောင်း ဒေသခံများက ပြောကြသည်။
“တိုက်ပွဲသံတွေက မနေ့က မကြားဘူး။ ဒီနေ့ လက်နက်ငယ်သံတွေ ပြန်ကြားရတယ်။ ပါဒလိတ်နား ရောက်နေပြီ ပြောတယ်။ မြို့ထဲမှာလည်း ညပိုင်းတွေ အစစ်အဆေးများနေတယ်။ မူစလင်ရွာတွေကို ပိုစစ်နေတယ်။ ဖမ်းတာ လည်း ရှိတယ်” ဟု စစ်တွေမြို့ထဲ နေထိုင်သူတဦးက ပြောသည်။
စစ်တွေမြို့ အနောက်ဘက်ခြမ်းတွင် တိမ်းရှောင်၊ ထွက်ပြေးခွင့်မရကြသည့် မွတ်စလင်ကျေးရွာ၊ ဒုက္ခသည်စခန်း ၁၀ခုခန့် ရှိနေပြီး ယင်းကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်က ဖမ်းဆီး၊ စစ်မှုထမ်းစေခြင်းများ လုပ်နေသလို ယခုရက် ဒေသခံ မွတ်စလင် ၅၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
AA သည် ဝါဘိုချောင်းကမ်းဘေးရှိ ကံ့ကော်ကျွန်း၊ ဇော်မတက် ကာကင်းစခန်းတို့ကို သိမ်းထားကာ အနီးရှိ ရွှေမင်းဂံ ရေတပ်၊ ကျားမသောက်တပ်ရင်း၊ ဒကစ စစ်တွေတို့အနီးရှိ တောကန်ကာကင်း၊ အမြင့်ကျွန်းရွာ အနီးရှိ ငတောက်တက်၊ ချီလည်ပင်းကာကင်းစခန်းများကိုလည်း တိုက်ခိုက်နေသည်။
စစ်တွေပတ်လည်ရှိ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်းစသည့် မြို့နယ်များကို အာရက္ခတပ်တော် (AA)က သိမ်း ထားသဖြင့် စစ်တွေသည် ရေတပ်စခန်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ်နှင့် တပ်ရင်း ၁၀ရင်းခန့်ရှိသော်လည်း ဝိုင်းပိတ် ခံထားရသည့် အနေအထားဖြစ်သည်။
“လက်နက်ကြီးတွေက မြို့ထဲထိပါ ရောက်လာပြီဆိုတော့ ကြောက်တာပေါ့။ အခုက လေယာဉ်နဲ့ထွက်ပြေးဖို့လည်း ခက်နေတယ်။ တကယ်တိုက်ပွဲဖြစ်လာရင် တမြို့လုံးက ဓါးစာခံတွေဖြစ်သွားမှာ။ သူတို့မိသားစုတွေကျတော့ ရန်ကုန် ပို့နေတယ်” ဟု စစ်တွေမြို့ ပြည်တော်သာရပ်ကွက်နေ အမျိုးသမီးတဦးက ပြောသည်။
ဆက်သွယ်ရေးပိတ်ဆို့ခံထားရသည့် စစ်တွေမြို့တွင် ဓါတ်ဆီ တလီတာကို ကျပ် လေးသောင်း၊ ဆန်တအိတ် ကျပ် သုံး သိန်းနီးပါး၊ မီးသွေးတအိတ် ငါးသောင်းဝန်းကျင်၊ အသားတပိဿာ ခြောက်သောင်းဝန်းကျင် ဈေးရှိနေပြီး စား ဝတ်နေ ရေး အကြပ်အတည်းများနှင့် ကြုံနေကြရကြောင်း မြို့ခံများက ပြောကြသည်။