လူသတ်မှုဖြင့် ထောင်ကျဖူးသည့် စစ်တပ်ထောက်ခံသူ သရုပ်ဆောင် မင်းအုပ်စိုး ပစ္စတိုသေနတ်ဖြင့် ဖမ်းဆီးခံရ
ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်





လူသတ်မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံခဲ့ဖူးကာ အာဏာသိမ်းပြီးနောက် ပြန်လည် လွတ်မြောက်လာသည့် စစ်ကော်မရှင်တပ်(စစ်တပ်)ထောက်ခံသူ သရုပ်ဆောင် မင်းအုပ်စိုးကို ပစ္စတိုသေနတ်တစ်လက်နှင့်အတူ လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက် နံနက် ၁၀ နာရီခန့်က ဒလ-တွံတေးကားလမ်းအတိုင်း မောင်းနှင်လာသည့် သရုပ်ဆောင် မင်းအုပ်စိုး၏ ကားကို ဘုရားငုတ်တိုစစ်ဆေးရေးဂိတ်၌ ရှာဖွေစဉ် ပစ္စတိုတစ်လက်နှင့် ကျည်ဆန်များ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“ဂိတ်က နေ့စဉ်စစ်နေတာပါ။ မှတ်ပုံတင်နဲ့တကွ နယ်မြေအတွင်းဖြတ်သန်းသူတိုင်း ယာဉ်တိုင်းကို စစ်နေကြပါ။ သူ့ကားကို စစ်တော့ Czech Republic နိုင်ငံထုတ် ပစ္စတိုတစ်လက်၊ ကျည် ၇ တောင့်နဲ့ ကျည်အိမ်တစ်ခု ရှာတွေ့တယ်။ သူကတော့ ခုခံကာကွယ်ဖို့ ဆောင်ထားတာလို့ ပြောပေမဲ့ ဘာအထောက်အထားမှ မပြနိုင်ဘူး။ ဒါကြောင့် တွံတေးရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်” ဟု ရဲသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သရုပ်ဆောင် မင်းအုပ်စိုး (ခ) အောင်နိုင်ထွန်းသည် ၎င်း၏လုံခြုံရေးအရ ကိုင်ဆောင်ထားခြင်းဟု ထွက်ဆိုသော်လည်း တရားဝင်လိုင်စင် မပြနိုင်သည့်အတွက် တွံတေးမြို့မရဲစခန်းတွင် (ပ) ၆၅/၂၀၂၆၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့် အရေးယူခံထားရသည်။
မင်းအုပ်စိုးသည် ၂၀၁၄ ခုနှစ်က ၎င်း၏မဂ္ဂဇင်းအယ်ဒီတာ မတေးနုယဉ်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံခဲ့ရသူဖြစ်သည်။ သို့သော် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး၊ စစ်တပ်အာဏာ သိမ်းမှုကို လူသိရှင်ကြား ထောက်ခံအားပေးနေသူတစ်ဦးလည်း ဖြစ်သည်။
မင်းအုပ်စိုးသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က ၎င်း၏မဂ္ဂဇင်းအယ်ဒီတာ မတေးနုယဉ်ကို သတ်ဖြတ်ခဲ့၍ လူသတ်မှုဖြင့်ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံခဲ့ရသူဖြစ်သည်။ သို့သော် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး စစ်တပ်အာဏာသိမ်းမှုကို လူသိရှင်ကြား ထောက်ခံအားပေးနေသူ ဖြစ်သည်။
#စစ်တပ်ထောက်ခံသူ #သရုပ်ဆောင်မင်းအုပ်စိုး #ပစ္စတိုသေနတ် #ဖမ်းဆီး #Ayeyarwaddy_Times