🛑 ကျားဖြန့်တွေလက်ခံထားမိတဲ့ မြန်မာအပါအ၀င်အရှေ့တောင်အာရှနိုင်ငံတွေအတွက်တော့ တကယ့် သေရေးရှင်ရေးဖြစ်သွားပြီ 🌡️ • Trump ရဲ့ ဒီနေ့ထုတ်ပြန်လိုက်တဲ့ အထူးအမိန့် တရပ်က မြန်မာ့နယ်စပ်ကို ဘယ်လိုတုန်လှုပ်စေ မလဲ ?

🛑 ကျားဖြန့်တွေလက်ခံထားမိတဲ့ မြန်မာအပါအ၀င်အရှေ့တောင်အာရှနိုင်ငံတွေအတွက်တော့ တကယ့်
သေရေးရှင်ရေးဖြစ်သွားပြီ 🌡️
• Trump ရဲ့ ဒီနေ့ထုတ်ပြန်လိုက်တဲ့ အထူးအမိန့်
တရပ်က မြန်မာ့နယ်စပ်ကို ဘယ်လိုတုန်လှုပ်စေ
မလဲ ?

​”အရင်က လိမ်တာကို ကာကွယ်ခဲ့တယ်၊ အခုတော့ လိမ်တဲ့သူကိုရော ကာကွယ်ပေးထားသူတွေကိုပါအမြစ်ဖြတ်တော့မယ်” တဲ့။
ဒါဟာ ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှာ သမ္မတ Donald Trump လက်မှတ်ရေးထိုးလိုက်တဲ့ အထူး
အမိန့်ရဲ့ အနှစ်ချုပ်ပါပဲ။
​ဒီအမိန့်ဟာ ရိုးရိုးဆိုက်ဘာလုံခြုံရေးအမိန့် မဟုတ်
ပါဘူး။ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ
တကြောက ကျားဖြန့်လောကကို အပြီးတိုင် ချေမှုန်းမယ့် War on Scams စစ်ကြေညာချက် ဖြစ်နေလို့ပါ။ ဘာကြောင့် မြန်မာ့ကျားဖြန့်ခေါင်းဆောင်တွေ အိပ်ရေးပျက်တော့မလဲဆိုတာ ဒီအချက်တွေကြောင့်ပါ။
​၁။ ကျားဖြန့်ဆိုတာ ရိုးရိုးရာဇဝတ်မှုမဟုတ်တော့ဘဲ Cartel ဖြစ်သွားပြီ
​Trump က ကျားဖြန့်ဂိုဏ်းတွေကို မက္ကစီကိုက မူးယစ်ဂိုဏ်းတွေ (Cartels) လိုပဲ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း (TCO) အဖြစ် သတ်မှတ်လိုက်ပါတယ်။ ဆိုလိုတာကတော့… အရင်က လိမ်လည်မှုဆိုပြီး ရဲဖမ်းတာမျိုးထက်၊ အခုတော့ အမေရိကန်ရဲ့ ထောက်လှမ်းရေး၊ စစ်တပ်နဲ့ အထူးစစ်ဆင်ရေးအဖွဲ့တွေက အကြမ်းဖက်သမားတွေကို ရှာသလို လိုက်ရှာတော့မှာပါ။ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို Cartel ခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး ဖမ်းဝရမ်းထုတ်
ခဲ့သလိုမျိုး မြန်မာ့နယ်စပ်က ခေါင်းဆောင်တွေ ဖြစ်လာနိုင်ပါတယ်။
​၂။ မြန်မာနိုင်ငံက Ground Zero (ဗဟိုချက်)
​သတင်းတွေအရ ဒီစစ်ဆင်ရေးရဲ့ ပစ်မှတ်ဟာ အရှေ့တောင်အာရှ ဖြစ်ပြီး၊ အဲဒီထဲမှာ မြန်မာ-ထိုင်းနယ်စပ်က အဓိကပါ။​
🔴 KNA (BGF) နဲ့ DKBA
အမေရိကန်က သူတို့ကို ရာဇဝတ်ဂိုဏ်းတွေအဖြစ် အနီရောင်အဆင့် သတ်မှတ်ထားပြီးသားပါတဲ့။
သူတို့ခြေကုပ်ယူထားရာ ​ရွှေကုက္ကိုလ်နဲ့ မြဝတီဒေသ
ဒီနေရာတွေဟာ အမေရိကန်ရဲ့ Scam Center Strike Force ရဲ့ ဂြိုဟ်တုဓာတ်ပုံတွေ၊ နည်းပညာမြေပုံတွေအောက်မှာ ရောက်နေပါပြီ။
​၃။ “လက်ခံထားရင် ရန်သူပဲ” ဆိုတဲ့ ထရန့်ရဲ့
မူဝါဒအသစ်
​ဒီအမိန့်မှာ အကြောက်စရာအကောင်းဆုံးက
ဖိအားပေးမှုပါ။ ကျားဖြန့်တွေကို လက်ခံထားတဲ့ နိုင်ငံတွေ ဒါမှမဟုတ် အကာအကွယ်ပေးထားတဲ့ အစိုးရအဖွဲ့အစည်းတွေကိုပါ Sanction (ပိတ်ဆို့မှု) လုပ်မယ်၊ Visa ပိတ်မယ်၊ အကူအညီတွေ ဖြတ်မယ် လို့ ပါရှိပါတယ်။ ဒါဟာ စစ်ကောင်စီ ဒါမှမဟုတ် နယ်စပ်က လက်နက်ကိုင်အဖွဲ့တွေအတွက် ကျား
ဖြန့်ကို ရွေးမလား၊ အမေရိကန်ရဲ့ ရန်သူဖြစ်မှာကို ရွေးမလားဆိုတဲ့ အကျပ်ရိုက်စေမယ့် ရွေးချယ်
မှုပါပဲ။
​💡 နောက်ထပ် ဘယ်သူဖြစ်မလဲ? (Who is Next?
​ဗင်နီဇွဲလားနဲ့အီကွေဒေါမှာ Cartel တွေကို ဖြိုခွင်း
ပြခဲ့တဲ့ Trump အစိုးရဟာ အခု မြန်မာ့မြေပေါ်က ကျားဖြန့်မင်းစိုးရာဇာတွေကို ပစ်မှတ်ထားလာပါပြီ။ မြန်မာနိုင်ငံရဲ့ ကျားဖြန့်ခေါင်းဆောင်လို့ အမည်တပ်ခံရမယ့်သူဟာ ကမ္ဘာ့ဘယ်နေရာကိုမှ ထွက်ပြေးလို့
မရတဲ့ No-Fly List ထဲ ရောက်သွားတော့မယ့် သဘောပါပဲ။
ဒါဟာ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကိုပါ ရိုက်ခတ်နိုင်ပါတယ်။ နယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အမေရိကန်ရဲ့ အနက်ရောင်စာရင်းထဲ
မပါချင်ရင် ကျားဖြန့်တွေကို သူတို့ဘာသာ ရှင်းထုတ်ရတော့မယ့် အခြေအနေပါ။
​သင်ရော ဘယ်လိုထင်လဲ? မြန်မာ့နယ်စပ်က ကျားဖြန့်ဂိုဏ်းတွေကို အမေရိကန်က တကယ်ပဲ စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးနိုင်မလား? ကွန်မန့်မှာ ဆွေးနွေးသွားကြရအောင်။ 👇
ကိုးကား : WSJ ( Wall Street Journal & US POTUS)
​ #TrumpExecutiveOrder #Cybercrime #MyanmarScam #BreakingNews #analysiswithirfansami