မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာ သံတိုသံစရွေးရာက ပေါက်ကွဲမှုကြောင့် ၆ယောက် ဆေးရုံရောက်
မန္တလေး -မတ်-၆-၂၀၂၆
VOM



မတ်လ ၆ ရက် ညနေပိုင်းက မန္တလေးပြည်သူ့ဆေးရုံကြီးကို ပေါက်ကွဲမှုဖြစ်ပွါးရာကနေ ထိမှန်ဒဏ်ရာတွေနဲ့ အမျိုးသား(၃) ဦး အမျိုးသမီး (၃) ဦး ဆေးဝါးကုသမှုခံဖို့ ရောက်ရှိလာတယ်လို့ ဆေးရုံနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
မတ်လ ၆ရက် ဒီနေ့ ညနေ ၅နာရီခဲခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုရပ် ၊ ၄၇×၁၄၂(A)ထောင့် စိန်စွန်ညို၊(သံတိုသံစရောင်းဝယ်ရေး) မှာ သံတိုသံစ ရွေးရာကနေ ပေါက်ကွဲရာက ထိမှန်လို့ ဒဏ်ရာရကြတာလို့ သိရပါတယ်။
ဆေးရုံကို ရောက်လာသူတွေထဲမှာ ဒေါ်သင်းလဲ့ အသက် ၅၀ နဲ့ မောင်နေထူးအောင် (၁၈)နှစ်တို့ဟာ စိုးရိမ်ရပြီး ကျန် ၄ယောက်ကတော့ စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။
ဒဏ်ရာရရှိသူတွေကို အလှည့်ကျဆရာဝန်တွေက ဆေးဝါး ကုသမှုပေးနေပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ ဖြစ်စဥ်ကို နယ်မြေခံ လုံခြုံရေး တာဝန်ရှိသူတွေက အသေးစိတ်စုံစမ်းနေတယ်လို့ သိရပါတယ်။
Photos- CJ
#voiceofmyanmar #VOM #ပြည်ကြီးတံခွန်