လိင်ပြောင်း မိန်းကလေး နှစ်ဦးကို အဖိုးအခမပေးဘဲ ထွက်ပြေးသည့် အိန္ဒိယနိုင်ငံသား ပတ္တရားတွင် ဘတ် ၁၀၀၀ စီ အလျော်ပေးခဲ့ရ

လိင်ပြောင်း မိန်းကလေး နှစ်ဦးကို အဖိုးအခမပေးဘဲ ထွက်ပြေးသည့် အိန္ဒိယနိုင်ငံသား ပတ္တရားတွင် ဘတ် ၁၀၀၀ စီ အလျော်ပေးခဲ့ရ
Bangkok Post, 6 March 2026
ထိုင်းနိုင်ငံ၊ ပတ္တရားကမ်းခြေအနီးတွင် ယနေ့ မတ်လ၅ ရက်နေ့ နံနက်အစောပိုင်းက လိင်ဝန်ဆောင်မှုအတွက် အဖိုးအခမပေးဘဲ ထွက်ပြေးခဲ့သည့် အိန္ဒိယနိုင်သားနောက်သို့ လိင်ပြောင်း အမျိုးသမီးနှစ်ဦးက လမ်းမပေါ်တွင် ဝတ်လစ်စလစ်ဖြင့် လိုက်ဖမ်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ အမျိုးသမီးနှစ်ဦးက အုတ်ခဲများကို ကိုင်ပြီး အိန္ဒိယအမျိုးသားသည် ၎င်းတို့အား ကိုယ်ထိလက်ရောက် စော်ကားခဲ့သည်ဟုဆိုကာ ငွေတောင်းခံခဲ့ကြကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။
ပတ္တရားစည်ပင်သာယာရေးအရာရှိ အနုချာ ခေါ့မတ် က ဝင်ရောက်တားဆီးခဲ့ပြီး အနီးနားရှိ ဆိုင်များမှ ပုဝါတံဘက်များကို တောင်းယူကာ အမျိုးသမီးများအား ဖုံးအုပ်ပေးခဲ့ရသည်။
နောက်ဆုံးတွင် ညှိနှိုင်းမှု အဆင်ပြေသွားခဲ့ပြီး အိန္ဒိယနိုင်ငံသားက အမျိုးသမီးနှစ်ဦးအား တစ်ဦးလျှင် ဘတ် ၁,၀၀၀ စီ ပေးဆောင်ရန် သဘောတူညီခဲ့ပြီး ကျေအေးခဲ့ကြသည်။
#ပတ္တရား #အိန္ဒိယနိုင်ငံသား #လိင်ပြောင်းမိန်းကလေး #MPA