ဗန်းမော်တိုက်ပွဲမှာ စစ်တပ်စွဲရာ နေရာအချို့ကို KIA ပူးပေါင်းတပ်ထပ်မံသိမ်းပိုက်
ဖေဖော်ဝါရီ-၂၇၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့မှာကချင်လွတ်လပ်
ရေးတပ်မတော်(KIA)ဦးဆောင်တဲ့ပူးပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်ကြားတိုက်ပွဲတွေနေ့စဉ်ဖြစ်
ပွားလျက်ရှိရာ အခုရက်ပိုင်းအတွင်းမှာစစ်တပ်စွဲရာ နေရာအချို့ကို KIA ပူးပေါင်းတပ်က ထပ်မံ သိမ်းနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၁ရက်ကဗန်းမော်ခလရ(၂၃၆) ကာကင်းစခန်း ၁ခုကို KIA ဘက်က သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် အခြားစစ်တပ်တပ်စွဲရာနေရာအချို့ကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့တာလို့စစ်ရေးသတင်းရင်းမြစ်အချ်ု့ကပြောပါတယ်။.
“နေရာသစ်ရတာ မဟုတ်ဘူး။မနှစ်ကငါတို့ ဆုတ်
ခွာ ပေးလိုက်ရတဲ့ နေရာကို ပြန်ရတာ။တိုက်ပွဲက နေ့တိုင်းရှိတယ်” လို့ကချင်စစ်ရေး သတင်းရင်း
မြစ်ကပြောပါတယ်။
အခြား စစ်ရေးသတင်းရင်းမြစ်တဦးကလည်း ဖေဖော်ဝါရီ ၂၅၊ ၂၆ရက်နေ့ တိုက်ပွဲတွေမှာ အောင်
မြင်မှုအချို့ရခဲ့တာ ဟုတ်တယ်လို့ပြောပါတယ်။
ဗန်းမော်တိုက်ပွဲမှာ KIAနဲ့ အတူ AA၊ KPDF တို့ ပါဝင်ဖော်ဆောင်နေတဲ့ စစ်မျက်နှာမှာ အောင်မြင်မှုတွေ ထပ်ရခဲ့ပြီး လက်နက်ခဲယမ်း သိမ်းရတာ ရှိတယ်ဆိုတဲ့ 7Stars News ကလည်း ဖော်ပြထားရာ အဲဒီ အချက်အလက်တွေ အတည်ပြုရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
KIA ပူးပေါင်းတပ်ရဲ့ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးဟာ ၂၀၂၄ ဒီဇင်ဘာလဆန်းက စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ၁နှစ်နဲ့ သုံးလနီးပါး ကြာပြီဖြစ်ပါတယ်။
(ဗန်းမော်မြို့သိမ်းတိုက်ပွဲက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ၂၀၂၅ ခုနှစ်ကတွေ့ရစဥ်။ဓါတ်ပုံ-screen grab)