လေးမျက်နှာမှာ တိုက်ပွဲပြင်းထန်နေ
ဖေဖော်ဝါရီ-၂၆၊၂၀၂၆။ဇော်ရမ်း/People’s Spring
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာတိုက်ပွဲ
အလွန်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအပြင်းအထန်ပစ်ကူပေးခုခံနေပါတယ်။
ဖေဖော်ဝါရီလ ၂၅ရက်ညနဲ့ ဖေဖော်ဝါရီလ ၂၆ရက် မနက်ပိုင်းမှာ Y 12နဲ့ ဂျက်ဖိုက်တာ သုံးစင်းက ဗုံးကြဲခဲ့ပြီး နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ လက်နက်ကြီးတွေ ပစ်နေတာပါ။ လေကြောင်း တိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်သံတွေကို လေးမျက်နှာမြို့ရဲ့ အနီးပတ်ဝန်းကျင်က မြို့တွေကပါ ကြားနေရတယ်လို့ဒေသခံတွေကပြောပါတယ်။
“ဒီလအစောပိုင်းမှာတိုက်ပွဲပြင်းထန်ပြီးနောက်ပိုင်း ရပ်သွားတယ်။အခု လကုန်ပိုင်းမှာ ပြန်ချနေတာ။ အခုကို လက်နက်ကြီးပစ်သံကြားနေရတာ ခဏ
ခဏပဲ”လို့ဇလွန်မြို့ခံတဦးကပြောပါတယ်။
ဇလွန်၊ ဟင်္သာတ၊ မြန်အောင်၊ရေကြည်မြို့နယ်တွေဟာ လေးမျက်နှာမြို့နဲ့ နယ်မြေချင်း ဆက်စပ်နေတာပါ။
ဖေဖော်ဝါရီလအစောပိုင်းကတိုက်ပွဲတွေမှာစစ်တပ်
က ဂျက်ဖိုက်တာတွေ ဆက်တိုက်ပျံသန်းပြီး ဗုံးကြဲခဲ့ပါတယ်။ ဂျက်ဖိုက်တာတွေဟာ ဟင်္သာတနဲ့ ဇလွန်မြို့တွေကိုဖြတ်ပြီးအနိမ့်ပျံသန်းခဲ့ကြတယ်လို့ဒေသခံတွေကပြောပါတယ်။
ယခုရက်ပိုင်းမှာ လေးမျက်နှာမြို့အပြင် သာပေါင်းမြို့နယ်မှာလည်းတိုက်ပွဲဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ရက်ပိုင်းကတိုက်ပွဲမှာ သာပေါင်းမြို့နယ်ကစစ်တပ်စခန်းတချို့ကို AAနဲ့ PDF ပူးပေါင်းတပ်တွေကသိမ်းယူခဲ့ပါတယ်။ သာပေါင်းမြို့ဟာတိုက်ပွဲတွေဖြစ်ခဲ့ဖူးတဲ့ရွှေသောင်ယံ၊ရေ
ကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်တွေနဲ့ ဆက်စပ်နေပါတယ်။ လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း လေးမျက်နှာမြို့နယ်မှာတိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေတာပါ။
စက်စက်ယိုကျေးရွာအပါအဝင် လေးမျက်နှာမြို့
နယ်ထဲကစစ်တပ်စခန်းတချို့ကို AA နဲ့ ပူးပေါင်းတပ်တွေကသိမ်းယူထားပါတယ်။တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူငါးထောင်ကျော်ရှိနေပြီး အကူအညီတွေပေးကြဖို့အတွက် ဧရာဝတီ
တိုင်းထဲက အရပ်ဖက်လှုမှုကူညီရေးလုပ်ဆောင်သူတွေက တောင်းဆိုထားပါတယ်။
အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အကျအဆုံးများနေသလိုဂျက်ဖိုက်တာအပြင်စက်တပ်လေထီးနဲ့ ဒရုန်းတွေသုံးပြီး ဗုံးကြဲတာတွေပါ လုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိ
ပေးထားပါတယ်။
ဧရာဝတီတိုင်းက တိုက်ပွဲတွေမှာတပ်မ(၆၆) လက်
အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၄)၊ (၅)၊ (၆)၊ (၁၀) နဲ့ ခလရ (၃၅)၊ (၈၀) တို့အပြင်၊ အနောက်
တောင်တိုင်းစစ်ဌာနချုပ် (ပုသိမ်) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခလရ (၆၃) နဲ့ (၂၇၁) တို့ ပါဝင်နေတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။
(၂၀၂၅ နှစ်ဆန်းပိုင်းက ရခိုင်-ဧရာဝတီတိုင်းအစပ်တိုက်ပွဲတွင်တွေ့ရသောAA တပ်ဖွဲ့ဝင်များ။
ဓါတ်ပုံ-AA Infodesk )