ကျားဖြန့်အမြစ်ဖြတ်ဖို့FBI၀င်ပြီ
=====÷
#DMM



စိတ်၀င်စားစရာ Breaking News သတင်းတစ်ပုဒ်ပါ။
ကျားဖြန့်အမြစ်ဖြတ်နှိမ်နှင်းဖို့
FBI အေးဂျင့်တွေ ထိုင်းဆီစေလွှတ်ထားပြီးဖြစ်တယ်လို့ အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို(FBI)ရဲ့ ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး Scott Schelble ကပြောဆိုလိုက်ပါတယ်။
FBI၊ DOJ Strike Force နဲ့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့တို့ဟာ ကျားဖြန်နှိမ်နှင်းရေး အတူတကွ လုပ်ဆောင်နေ ကြပြီး ဒီ ရာဇဝတ်ကွန်ရက်တွေကို ဖျက်ဆီးရာမှာ၊ သားကောင်တွေကို ဖော်ထုတ်ရာမှာနဲ့ ဒီရာဇဝတ်မှုတွေကို ပံ့ပိုးပေးတဲ့ ငွေကြေးဆိုင်ရာ အခြေခံအဆောက်အအုံတွေကိုကျွန်တော်တို့အတူတကွ ပစ်မှတ်ထားလုပ်ဆောင် ရာမှာ အောင်မြင်မှုတွေ ရရှိခဲ့ကြပါတယ်။ ပြီးတော့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့(RTP) နဲ့ တိုက်ရိုက် ပူးပေါင်းလုပ်ဆောင်ဖို့နဲ့ ပူးပေါင်း အထူးတပ်ဖွဲ့ နဲ့အတူတကွ ထိုင်ကာ အလုပ်လုပ်နိုင်ဖို့အတွက် FBI အေးဂျင့်တွေကို ကျွန်တော် စေလွှတ်ထားပြီးဖြစ်ပါတယ်။အရှေ့တောင်အာရှဒေသမှာရှိတဲ့ ငွေကြေးလိမ်လည်မှု စင်တာ(ကျားဖြန့်)တွေ ကို နှိမ်နှင်းဖို့ FBI ရဲ့ ကြိုးပမ်းမှုတွေ နဲ့ပတ်သက်လို့ ဒီက နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ ဒုတိယလက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ Scott Schelble က အထက်ပါအတိုင်း ထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
#DMM
#Source/www.state.gov