လက်နက်ချBNRAတပ်ဖွဲ့ဝင်အများစု ​PDFနဲ့ ပူး​ပေါင်းပြီး ​တော်လှန်​ရေးမှာပါဝင်မည်

လက်နက်ချBNRAတပ်ဖွဲ့ဝင်အများစု ​PDFနဲ့
ပူး​ပေါင်းပြီး ​တော်လှန်​ရေးမှာပါဝင်မည်
■BNRA တပ်ဖွဲ့ဝင်​တွေထဲကလူငယ်၆၀ဦးခန့်ကို မိဘတွေထံ PDFကပြန်အပ်နှံ​ပေး
​ဖေ​ဖော်ဝါရီ-၂၁၊၂၀၂၆။အိမ်သွင်/People’s Spring
PDF နဲ့ ပကဖထံ လက်နက်ချပူးပေါင်းလာတဲ့
BNRAတပ်ဖွဲ့ဝင်အများစု တော်လှန်ရေးမှာ ပါဝင်မှာဖြစ်ပြီးလူငယ် ၆၀ ဦးခန့်ကိုမိဘတွေထံပြန်အပ်
နှံပေးထားတယ်လို့သတင်းရရှိပါတယ်။
ပုလဲမြို့နယ်ထဲကBNRAစခန်းတွေကို PDFတပ်
ရင်းနဲ့ ပကဖတွေက ဖဖေဖော်ဝါရီလ၁၇ရက်နေ့မှာ တိုက်ပွဲစဖြစ်ခဲ့ပြီး ဗိုလ်နဂါးနဲ့ BNRA ခေါင်းဆောင်ပိုင်းအချို့က ဖေဖော်ဝါရီလ၁၈ရက်နေ့ စစ်တပ်နဲ့သွားပူး​ပေါင်းခဲ့ပါတယ်။ဒါ​ပေမယ့်ဒေသတွင်းမှာ ကျန်ရှိနေတဲ့ BNRA တပ်ဖွဲ့ဝင်တွေကိုPDFနဲ့ ပကဖတွေက လိုက်လံဖမ်းဆီးတာတွေ၊ပူး​ပေါင်းဖို့စည်း
ရုံးတာတွေဆက်လုပ်​နေတာလို့ ​တော်လှန်​ရေးတပ်ဖွဲဝင်​တွေက ​ပြောပါတယ်။
“အပြစ်မရှိတဲ့ရဲဘော်တွေ PDFထဲ ဝင်ပြီး တော်
လှန်ရေးဆက်လုပ်ကြမယ်တဲ့။ လက်နက်ချ ပူး
ပေါင်းတာစုစုပေါင်း၂၀၀ကျော်ပါပြီ။၆၀လောက်
ကိုတော့ မိဖတွေလက်ထဲ ပြန်အပ်နှံပေးထားတယ်” လို့ BNRA တပ်ဖွဲ့ဝင်တွေကို လိုက်လံခေါ်ဆောင်နေတဲ့ PDF ရဲဘော်တဦးကပြောပါတယ်။
BNRA တပ်ဖွဲ့အောက်မှာ အဖွဲ့ဝင် ၃၀၀ ကနေ ၄၀၀ ခန့်ရှိနိုင်ပြီး ယင်းမာပင်ခရ်ိုင်နဲ့မုံရွာခရိုင်အပြင် စစ်ကိုင်းတိုင်းနဲ့ ‌မကွေးတိုင်းကမြို့နယ်တချို့မှာပါ ဗိုလ်နဂါးက လက်နက်တွေပေးအပ်ထားတာပါ။
“တော်လှန်ရေးစိတ်အခံတစ်ခုတည်းနဲ့ လက်နက်
ကိုင်ကြတာ။တချို့ဆို နဂါးကိုမြင်တောင်မမြင်ဖူးဘူး။စစ်တပ်ကို တိုက်ဖို့ လက်နက်ပေးမယ်ဆိုလို့သာ BNRA ထဲဝင်လာကြတာ။အခုကျကလေးတွေရော မိန်းမတွေပါ ခေါ် ထွက်ပြေးပြီး တောထဲမှာဒုက္ခရောက်နေကြတော့လိုက်ရှာပြီးခေါ်ရတာ”
လို့ယင်းမာပင်မြို့နယ်ထဲက PDF ရဲဘော်တဦးကပြောပါတယ်။
BNRA တပ်ဖွဲ့ဝင်တွေ လက်နက်တွေအပ်ဖို့၊ပြစ်မှုမရှိရင် တော်လှန်ရေးမှာ ဆက်လက်ပါဝင်ဖို့နဲ့ ပြစ်မှုရှိသူတွေကိုစစ်ဆေး၊ဖော်ထုတ်၊အပြစ်ပေး၊ အရေး
ယူသွားမယ်လို့ ယင်းမာပင်ခရိုင်နဲ့ မုံရွာခရိုင်ပကဖကထုတ်ပြန်ထားပါတယ်။
ပြစ်မှုကျုးလွန်ထားခြင်းမရှိတဲ့ BNRA တပ်ဖွဲ့ဝင်တွေ စိတ်ဆန္ဒရှိပါက စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန(MOD)ကလည်း ဖိတ်ခေါ်ထားပါတယ်။
PDF နဲ့ ပကဖထံ လက်နက်ချပူး ပေါင်းတဲ့ BNRA တပ်ဖွဲ့ဝင် ၂၀၀‌ ကျော်ထဲမှာ ဗိုလ်နဂါးနဲ့ အနီးကပ်နေထိုင်ကြတဲ့ သုဘရာဇာ၊ ဒေါင်းညို၊ ဆရာတော်ဆိုသူတွေလည်း ပါဝင်ပါတယ်။BNRA တပ်ရင်း
(၃) တပ်ရင်းမှူး ဗိုလ်မျက်လုံးကတော့ PDF တွေဆီလက်နက်ချပြီးမှထွက်ပြေးသွားပြီးစစ်ကောင်စီတပ်နဲ့ ပူးပေါင်းပါသွားပါတယ်။
ထွက်ပြေးနေကြတဲ့BNRAတပ်ဖွဲ့ဝင်တွေကိုလိုက်
လံခေါ်ဆောင်တာတွေကိုဖေဖော်ဝါရီလ၂၁ရက် မနက်မှာလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ် ။
​ဖေ​ဖော်ဝါရီ ၂၁ ရက်နေ့မနက်ပိုင်းမှာလည်း BNRA တပ်ဖွဲ့က တပ်ရင်းမှူးတစ်ဦး ထပ်မံလက်နက်ချလို့ PDF တွေက သွားရောက်ခေါ်ဆောင်နေတယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုခေါင်း
ဆောင် ဒေါက်တာနန်းဝင်းက ပြောပါတယ်။
ဗိုလ်နဂါးရဲ့ ယောက်ဖဖြစ်တဲ့ BNRA ဒုဥက္ကဋ္ဌကို
ဖြိုးနဲ့ စစ်ရေးဝာာဝန်ခံ ကိုလတ်အပါအဝင် ငါးဦးဟာ စစ်တပ်ထံပူးပေါင်းသွားပါတယ်။ BNRA အ
မည်ခံအဖွဲ့မှဒုတိယအဖွဲ့ခေါင်းဆောင်အပါအဝင်
အဖွဲ့ဝင်(၅)ဦးလက်နက်ချလာတယ်လို့စစ်ကောင်စီကဖေ​ဖော်ဝါရီ ၂၀ ရက်ညမှာသတင်းထုတ်ပြန်ထားပါတယ်။
ပုလဲမြို့နယ်ကိုစစ်ကောင်စီက အင်အားဖြည့်နေဆဲဖြစ်ပါတယ်။ ဒါ​ပေမယ့်မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသေးဘူးလို့ သိရပါတယ်။
(BNRAတပ်ဖွဲ့ဝင်အချို့​တွေကို ၂၀၂၄ ခုနှစ် ၊နှစ်လယ်ပိုင်းမှာလုပ်တဲ့စစ်သင်တန်းဆင်းပွဲတခုမှာ​တွေ့ရစဥ်။ဓါတ်ပုံ-BNRA )