စစ်အုပ်စုက ဗိုလ်နဂါးကို ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်တဲ့ ရုပ်သံဖိုင်တစ်ခု ပြန့်လာ၊

စစ်အုပ်စုက ဗိုလ်နဂါးကို ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်တဲ့ ရုပ်သံဖိုင်တစ်ခု ပြန့်လာ၊
MFP၊ ဖေဖေါ်ဝါရီ – ၁၉

ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် – BNRA ခေါင်းဆောင် ဗိုလ်နဂါးကို ဖေဖေါ်ဝါရီ ၁၈ရက်မှာ အာဏာသိမ်း စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ လာခေါ်ထုတ်သွားတဲ့ ရုပ်သံဖိုင်တစ်ခု လူမူကွန်ယက်မှာ ပြန့်နှံ့နေပါတယ်။
ဗိုလ်နဂါးကို ခေါ်ထုတ်ပေးခဲ့ကြောင်း စစ်အုပ်စု လက်နက်ကိုင်တစ်ယောက်က ကိုးစက္ကန့်ကြားတဲ့ ရုပ်သံဖိုင်တစ်ခုကို ဒီကနေ့ ဖေဖေဓဝါရီ ၁၉ရက်မှာ တစ်တော့မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း အခြေပြုတဲ့ BNRA ခေါင်းဆောင် ဗိုလ်နဂါးဟာ မိသားဟုဝင်တွေနဲ့အတူ လက်နက်ခြောက်လက်၊ ဆက်စပ်ပစ္စည်းတွေ ယူဆောင်ပြီး စစ်အုပ်စုထံ ပူးပေါင်းအလင်းဝင်လို့ ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်ခဲ့တယ်လို့ အာဏာသိမ်း စစ်အုပ်စုက ဖေဖေါ်ဝါရီ ၁၈ရက် ညနေပိုင်းမှာ သတင်းဖြန့်ထားပါတယ်။
မနေ့က မွန်းလွဲပိုင်း ပုလဲမြို့နယ် သေတ္တာရာရွာကို စစ်အုပ်စုက MI-17 သယ်ပို့ရဟတ်ယာဉ်နဲ့ သုံးခေါက် ဆင်းကာ ဗိုလ်နဂါးကို ခေါ်ထုတ်သွားတာလို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ဗိုလ်နဂါးကို မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ထဲ ခေါ်သွင်းထားတယ်လို့ ယူဆရကြောင်း ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။