BNRA စစ်ရေးတာဝန်ခံနဲ့ ထိပ်ပိုင်းတာဝန်ယူထားတချို့ပျောက်နေ၊ ၎င်းတို့နဲ့အဆက်အသွယ်ရှိသူ​တွေလုံခြုံ​ရေးသတိပြုဖို့PDF​တွေအကြံပြု

BNRA စစ်ရေးတာဝန်ခံနဲ့ ထိပ်ပိုင်းတာဝန်ယူထားတချို့ပျောက်နေ၊ ၎င်းတို့နဲ့အဆက်အသွယ်ရှိသူ​တွေလုံခြုံ​ရေးသတိပြုဖို့PDF​တွေအကြံပြု
​ဖေ​ဖော်ဝါရီ-၁၉၊၂၀၂၆။အိမ်သွင်/People’s Spring
BNRAအဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက စစ်ကောင်စီနဲ့ပူးပေါင်းသွားပေမယ့်BNRAအဖွဲ့ရဲ့ထိပ်ပိုင်းတာ
ဝန်ယူထားသူအချို့ နဲ့တပ်ဖွဲ့ဝင်အချို့သတင်းအစအနပျောက်နေသလိုလက်နက်တွေနဲ့ ထွက်
ပြေးနေသူတွေလည်းရှိလို့ အဆက်အသွယ်ရှိဖူးသူ​တွေလုံခြုံ​ရေးသတိပြုကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးနေပါတယ်။
BNRAနဲ့ စစ်ရေးတာဝန်ခံ ကိုလတ် နဲ့ ကိုဖြိုးဆိုသူဟာ ဗိုလ်နဂါးနဲ့ အနီးကပ်နေသူတွေဖြစ်ပြီး ဖေ
ဖော်ဝါရီလ၁၈ရက်နေ့ညနေက ဗိုလ်နဂါးနဲ့အတူ စစ်ကောင်စီ ပူး​ပေါင်းသွားတယ်လို့ စစ်​ရေးသတင်းရင်းမြစ် ၃ ဦးက​ပြောပါတယ်။
“ကိုဖြိုးနဲ့ ကိုလတ်ပျောက်နေတယ်။ ကိုလတ်က စစ်ရေးတာဝန်ခံ။ သူတို့ဆီမှာ လက်နက်တွေရှိနေတယ်။ စစ်တပ်ဆီ ပူးပေါင်းသွားတာမှာ သူတို့ပါတယ်လို့ ယူဆပေမယ့် ညက စစ်တပ်ထုတ်ပြန်ချက်မှာ သူတို့အကြောင်းမပါဘူး။ လွတ်နေသေးရင် အန္တရာယ်ကြီးတယ်။ သူတို့နဲ့ဆက်စပ်ခဲ့တဲ့သူတွေ တော်တော်လေးသတိထားကြဖို့လိုတယ်”လို့ ယင်းမာပင်ခရိုင်က PDF ရဲဘော်တစ်ဦးကပြောပါတယ်။
အခြား​တော်လှန်​ရေးသမားနှစ်ဦးကလည်း ကိုလတ်နဲ့ကိုဖြိုးတို့ဟာ စစ်တပ်နဲ့ပူး​ပေါင်းသွားတာဖြစ်လို့ သူတို့နဲ့ ဆက်သွယ်​​ပြောဆိုထားသူ​တွေကိုစစ်တပ်က​ခြေရာခံနိုင်တာ​ကြောင့် လုံခြုံ​ရေးအထူးသတိထားဖို့ အကြံပြုပါတယ်။
ကိုဖြိုးဆိုသူဟာ ဗိုလ်နဂါးရဲ့ ယောက်ဖဖြစ်ပြီး BNRAရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဗိုလ်နဂါးက ကိုဖြိုးရဲ့ နှမကို ယူထားတာဖြစ်ပါတယ်။
ကိုလတ်ဆိုသူကတော့ ကရင်ပြည်နယ်ဘက်က‌နေ ပုလဲနယ်ကို ရောက်လာပြီး ဗိုလ်နဂါးဦး ဆောင်တဲ့ BNRAမှာ စစ်ရေးတာဝန်ခံရာထူးယူထားသူဖြစ်ပါတယ်။ ကိုလတ်ဟာ တော်လှန်ရေးကာလအစောပိုင်းက ကရင်ပြည်နယ်က တိုက်ပွဲတစ်ခုမှာ ‌သေ
ဆုံးတဲ့ စစ်ကောင်စီအရာရှိအချို့ရဲ့ ဘက်တံဆိပ်တွေနဲ့ရာထူးသတ်မှတ်ပေးထားတဲ့ကြယ်ပွင့်တွေကို ဖိနပ်မှာတပ်ပြီး ဓါတ်ပုံရိုက်လေလံတင်ရာကနေငွေကြေးအမြောက်အမြားရရှိခဲ့ဖူးသူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော်လှန်ရေးရန်ပုံငွေတွေနဲ့ပတ်
သက်ပြီး အငြင်းပွားရာကနေ ဗိုလ်နဂါးဆီ ရောက်လာသူဖြစ်ပါတယ်။
ယမန်နေ့ညက စစ်ကောင်စီသတင်းထုတ်ပြန်ချက်မှာ BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနဲ့ ၎င်း၏ မိသားစုဝင်တွေ အ
လင်းဝင်လာတယ်လို့ပဲဖော်ပြထားပါတယ်။ဗိုလ်နဂါးနဲ့ အနီးကပ်နေသူတွေအကြောင်း ဖော်ပြထားခြင်းမရှိပါဘူး။ဗိုလ်နဂါးနဲ့ နောက်လိုက် ၁၅ဦးခန့်ကို စစ်တပ်က ရဟတ်ယာဉ်နှစ်စီးနဲ့ ခေါ်ထုတ်သွားတာလို့ ဒေသခံတွေကပြောပါတယ်။
BNRA တပ်ဖွဲ့ဝင်အချို့ဟာ လက်နက်အပ်ပြီး PDFထံ ပူးပေါင်းလာသူ တွေလည်း ရှိပါတယ်။BNRA တပ်ရင်းမှူး ဗိုလ်မျက်လုံး၊တစ်ကိုယ်တော်သုဘရာဇာနဲ့ ဒေါင်းညိုတို့ကိုလည်း PDFတွေက ထိန်းသိမ်းထားပါတယ်။ စုစုပေါင်းအင်အား၁၅၀
ခန့် လက်နက်ချတာ၊ အလင်းဝင်တာရှိတယ်လို့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်း
ထုတ်ပြန်ထားပါတယ်။
ထွက်ပြေးနေသူတွေကို ဖမ်းဆီးထိန်းသိမ်းနိုင်ရေးဆောင်ရွက်နေတယ်လို့ ယင်းမာပင်ခရိုင်က PDF သတင်းရင်းမြစ်ကပြောပါတယ်။ ဒီနေ့မနက် အစောပိုင်း ၁နာရီခန့်မှာ BNRA တပ်ဖွဲ့ဝင် ၆ဦးဟာ ဆားလင်းကြီးမြို့နယ်ထဲကို လက်နက်တွေနဲ့ထွက်
ပြေးလာလို့ PDFတွေကလိုက်လံရှာ‌​ဖွေနေပါတယ်။
ထွက်ပြေးနေတဲ့သူတွေ လာရောက်ပူးပေါင်းပြီးလက်နက်ချဖို့နဲ့ လက်ခံထားတဲ့သူတွေကိုအရေးယူမယ်လို့ NUG အစိုးရအနေနဲ့ တရားဝင်ကြေညာ
ချက်ထုတ်ပြန်ဖို့ ဒေသခံတွေကတောင်းဆို​နေပါတယ်။
(စစ်တပ်နဲ့​ပူး​ပေါင်းသွားတဲ့ ဗိုလ်နဂါး။ဓါတ်ပုံ-စစ်​ကောက်စီ)