NUG ရဲ့ MOD တပ်ရင်းတွေက BNRA ဂိတ်စခန်းတွေကို တိုက်ခိုက်နေပြီလို့ ဗိုလ်နဂါး အသိပေး ထုတ်ပြန်
ဖေဖေါ်ဝါရီ ၁၇ – ၂၀၂၆

ဒီကနေ့မနက် ၇ နာရီခွဲမှာ BNRA ဂိတ်စခန်းတွေကို NUG ရဲ့ MOD တပ်ရင်းတွေက လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းဗုံးသီးတွေ နဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင် နေပြီလို့ ဗိုလ်နဂါးက သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ် ကနေ အသိပေး ထုတ်ပြန်ထားပါတယ်။
အခုလို လုပ်ဆောင်မယ်လို့ မမျှော်လင့်ထားကြောင်းနဲ့ ပြည်သူတွေ အနေနဲ့ ဘေးလွတ်ရာ သတိပြုနေကြဖို့ကို နှိုးဆော်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ BNRA တပ်ဖွဲ့ဝင် ၂ ဦးရဲ့ လက်ချက်နဲ့ ယင်းမာပင် တပ်ရင်း ၄ က ရဲဘော်ကတုံး ကျဆုံးသွားခဲ့တယ် ဖြစ်စဥ် ဖြစ်ခဲ့ပါတယ်။
အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး နှစ်ဖက် တွေ့ဆုံ ဖြေရှင်းဖို့ BNRA က အသိပေး ကြေညာချက် ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ မတိုင်ခင် NUG တပ်ရင်းတချို့နဲ့ BNRA အကြေား အပြန်လှန် ဂိတ်တွေကို ဝင်စီးတဲ့ အငြင်းပွားမှု တွေလည်း ဖြစ်ပေါ်ခဲ့ဖူးပါတယ်။
—————————
THN Public Media