လူနှစ်ရာကျော် သေဆုံးခဲ့ရရတဲ့ Sky Villa ကွန်ဒိုတာဝန်ယူတဲ့ NTL ကုမ္ပဏီပိုင်ရှင် ဦနိုင်ထွန်းလင်းကို ပုဒ်မ ၃၀၄ ( က) နဲ့အမှုဖွင့် စစ်ဆေး အရေးယူ
ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၆
CC (VOM)


မန္တလေး ၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ Sky Villa ကွန်ဒိုကို တည်ဆောက်ခဲ့သူ NTL ကုမ္ပဏီပိုင်ရှင် ဦးနိုင်ထွန်းလင်းကို ပုဒ်မ ၃၀၄ ( က) နဲ့ အမှတ် ၁ ရဲစခန်းမှာ အမှု့ဖွင့်အရေးယူပြီး အောင်မြေသာစံတရားရုံးမှာ အမှုတစားစွဲတင်လိုက်တယ်လို့ သိရပါတယ်။
” စသုံးလုံး ( စစစ) ကတိုက်ရိုက်ကိုင်တာ ။ တရားခံကိုလည်း အမှုစွဲတင်လိုက်ပြီ။ ပုဒ်မ ၃၀၄ ( က) နဲ့။ လုပ်ငန်းခွင်ပေါ့လျော့လို့ လူသေစေမှုနဲ့ စွဲတင်လိုက်တာ။ အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်တာ ။ ” လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်မှာ ၁၁ ထပ်အမြင့်ရှိတဲ့ Sky Villa ကွန်ဒိုဟာ ပြိုကျခဲ့ပြီး လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ရတဲ့အတွက် အခုလို အမှုဖွင့် အရေးယူလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အုံထဲကနေ အသက်ရှင်ရက် ကယ်ထုတ်နိုင်သူ ၅၂ ယောက်သာ ရှိခဲ့ပြီး သေဆုံးသူ ရုပ်အလောင်းအနေနဲ့ ၂၀၆ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်တာကို ထုတ်ပြန်ပြီးဖြစ်ပါတယ်။
သေဆုံးသူ ၂၀၆ယောက်ထဲကနေမှ ဆက်သွယ်လို့ရတဲ့ ကျန်ရစ်သူမိသားစုတွေကို သေဆုံးသူ တယောက်ချင်းစီအတွက် သိန်း(၁၀၀) ကျပ်ကို Sky Villaကို တာဝန်ယူရတဲ့ NTL ကုမ္ပဏီက ထောက်ပံ့ပေးခဲ့ပါတယ်။
SKY Villa အဆောက်အဦဟာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀ ၊ ၂၂ လမ်း နဲ့ ၂၃ လမ်းကြား ရေစစ်ကန်အနီးမှာ တည်ရှိတာ ဖြစ်ပြီး Sky villa ကွန်ဒိုအဆောက်အဦကို ၂၀၁၇ ခုနှစ်အကုန် ၂၀၁၈ ခုနှစ်အစပိုင်းမှာ NTL Construction Companyတာဝန်ယူ ဆောက်လုပ်ပြီးစီးခဲ့တယ်လို့ သိရပြီး စတင်ဆောက်လုပ်ခဲ့တဲ့ ခုနှစ်ကိုတော့ ဖော်ပြထားတာမတွေ့ရပါဘူး။
ကွန်ဒိုစတင်ပြီးစီးတဲ့အချိန်မှာပဲ လူနေထိုင်မှုတွေရှိခဲ့ပြီး ကွန်ဒိုတခန်းရဲ့တန်ကြေးကတော့ သိန်း ၆၅၀၀ အထက်မှာရှိတယ်လို့ ကွန်ဒိုအခန်းတွေ ရောင်းချမှု ဝန်ဆောင်မှုပေးနေတဲ့ အကျိုးတော်ဆောင်တွေရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။
ထောက်ပံ့ငွေပေးအပ်ပွဲမှာတွေ့ရတဲ့ တိုက်ခန်းပိုင်ရှင်တွေက အခန်းပြန်ဆောက်ပေးပြီး အချိုးကျထည့်ရမှာကို မလိုလားဘဲ ဝယ်ယူထားတဲ့တန်ဖိုးတွေကို ပြန်လည်ရယူလိုတယ်လို့ VOM ကို ပြောခဲ့ဘူးပါတယ်။
ခုအရေးယူမှုမှာ NTL Construction Companyတာဝန်ယူ ဆောက်လုပ်ပြီးစီးခဲ့ပြီး အလားတူ မတ်လ ၂၈ ရက်နေ့က ပြိုကျတဲ့ အင်ကြင်းကွန်ဒို ကိစ္စ ပါမပါတော့ မသိရသေးပါဘူး။
ဓာတ်ပုံ – မီးသတ်တပ်ဖွဲ့
ပုံစာ NTL Construction Companyတာဝန်ယူ ဆောက်လုပ်ပြီး ပြိုကျသွားတဲ့Sky villa နဲ့ အင်ကြင်းကွန်ဒို
#Voiceofmyanmar #VOM #မန္တလေး #Skyvillaကွန်ဒိုတည်ဆောက်သူ #နိုင်ထွန်းလင်းအမှုဖွင့်ခံရ