မဟာမုနိဂေါပက ဥက္ကဋ္ဌ ဦးမြဝင်း ထီးတော်တင်ရင်း ဆုံးပါးသွား

မဟာမုနိဂေါပက ဥက္ကဋ္ဌ ဦးမြဝင်း ထီးတော်တင်ရင်း ဆုံးပါးသွား

မန္တလေး၊ ဇန်နဝါရီ – ၃၁- ၂၀၂၆
VOICE OF MYANMAR

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ မဟာမုနိဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးမြဝင်းဟာ ဒီကနေ့မနက် ပိုင်းက ​ရွှေထီးတော် ဘုံခြောက်ဆင့် တင်လှူပူဇော်ပွဲ အခမ်းအနားမှာ ဆုံးပါးသွားခဲ့ပါတယ်။

ဘုရားကြီး ထီးတော်တင်လှူပွဲအခမ်းအနားဟာ ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက် ၆ နာရီ ၅၂ မိနစ်မှာ စတင်ခဲ့တာဖြစ်ပြီး အခမ်းအနားမှာတင် အသက် ၇၅ နှစ်အရွယ် ဂေါ်ပက ဥက္ကဋ္ဌ ဦးမြဝင်း ဟာ ဆုံးပါးခဲ့တာလို့ ဂေါပကအဖွဲ့ကနေ သိရပါတယ်။

ဂေါပက ဥက္ကဋ္ဌ ဦးမြဝင်း ဟာ နှလုံးစက်တပ် ထားရတာဖြစ်ပြီး ဒီအခမ်းအနားမှာ အမောဖောက် ပြီး ဆုံးပါးသွားတာလို့ နီးစပ်သူတဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဦးမြဝင်း ရဲ့ ရုပ်အလောင်းကို ဒေါနဘွားရပ်မှာရှိတဲ့ နေအိမ်မှာ ပြင်ဆင်ထားပြီး သဂြိုလ်မယ့် အစီအစဥ်ကိုတော့ မသိရသေးပါဘူး။

#voiceofmyanmar #vom #ဦးမြဝင်း #မဟာမုနိ #ဂေါပကဥက္ကဋ္ဌ

မာရသွန်ပြိုင်ပွဲမှာ ဆုပေးဖို့ပြင်ဆင်နေတဲ့ မဟာမုနိဂေါပက ဥက္ကဋ္ဌ ဦးမြဝင်းအားတွေ့ရစဥ်