အလုပ်မလုပ်ချင်တာ ဒါကြောင့် ဟွန့်….

Daily Express

အလုပ်ခွင်အတွင်း ကြုံတွေ့ရသည့် စိတ်ဖိစီးမှုများသည် လူတဦးအား LGBT (လိင်စိတ်ခံယူမှု ကွဲပြားသူများ) အသိုင်းအဝိုင်းအတွင်းသို့ ရောက်ရှိသွားစေသည့် တွန်းအားပေးအချက်များထဲမှ တခုဖြစ်နိုင်ကြောင်း မလေးရှားဘာသာရေးဝန်ကြီး ဒေါက်တာ ဇူကစ်ဖလီ ဟာဆန်က ပြောကြားလိုက်သည်။

လူမှုပတ်ဝန်းကျင်၏ လွှမ်းမိုးမှု၊ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် အခြားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကလည်း LGBT ဖြစ်လာစေရန် ကဏ္ဍတခုအနေဖြင့် ပါဝင်နေသည်ဟု ၂၀၁၇ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့လာမှုတခုကို ကိုးကား၍ ဇူကစ်ဖလီဟာဆန်က ဆိုသည်။ ထိုအချက်များ ပေါင်းပြီး LGBT နှင့် ပတ်သက်သော အမူအကျင့်များ ဖြစ်ပေါ်လာစေနိုင်ကြောင်း အဆိုပါ လေ့လာမှုတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံအတွင်းရှိ LGBT အသိုင်းအဝိုင်းနှင့် ပတ်သက်၍ အသက်အုပ်စု၊ လူမျိုးစု ပါဝင်မှုနှင့် ဖြစ်ပွားရသည့် အဓိက အကြောင်းရင်းများအပေါ် နောက်ဆုံးရ အချက်အလက်များကို သိရှိလိုကြောင်း လွှတ်တော်အမတ် ဒါတု စီတီ ဇိုင်လာ မိုဟာမက် ယူဆော့ဖ်၏ မေးမြန်းမှုကို ဘာသာရေးဝန်ကြီး ဒေါက်တာ ဇူကစ်ဖလီ ဟာဆန်က ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဇူကစ်ဖလီဟာဖန်က မလေးရှားအစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ LGBT ဦးရေနှင့် ပတ်သက်၍ တရားဝင် ကိန်းဂဏန်း အချက်အလက်များ မရှိကြောင်း ပြောကြားခဲ့သည်။

မလေးရှားတွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း LGBT နှင့် ပတ်သက်၍ ဖမ်းဆီးမှုနှင့် တရားစွဲဆိုမှုပေါင်း ၁၃၅ ခု ရှိကြောင်း ဇူကစ်ဖလီဟာဖန်က ပြောသည်။

Daily Express မှ Work stress may turn you gay: Religious minister အား Brownie ဘာသာပြန်သည်။