ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ ( ၂၀၂၆ – ဇန်နဝါရီ ၂၈ ၊ နံနက် ၁၀ နာရီ)

ရွှေစျေး ငွေစျေး ဇန်နဝါရီ ၂၈ – ၂၀၂၆
ရွှေစျေး – သိန်း ၁၁၀
ဒေါ်လာ – ၃၉၉၀
ရည်ညွှန်းရွှေစျေး – သိန်း ၆၀
ဓါတ်ဆီ – 92 – ၂၃၂၅ / 95 – ၂၃၆၀
ဒီဇယ် – ၂၂၈၅
—————
မနေ့ကစျေး
ရွှေစျေး – ၁၀၅ သိန်း ၇ သောင်း
ဒေါ်လာ – ၄၀၂၀
ရည်ညွှန်းရွှေစျေး – သိန်း ၆၀
ဓါတ်ဆီ – 92 – ၂၃၂၅ / 95 – ၂၃၆၀
ဒီဇယ် – ၂၂၈၅
—————————
THN Public Media

အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၁၁၀ အထိ စံချိန်တင်မြင့်တက်
ရန်ကုန်၊ ဇန်နဝါရီ ၂၈
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၁၁၀ အထိ စံချိန်တင်မြင့်တက်သွားကြောင်း ရန်ကုန်အခြေစိုက် ရွှေကုန်သည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုင်ငံတကာတွင် ကမ္ဘာ့ချိန်ခွင်လျှာအဖြစ် ထိန်းကျောင်းရပ်တည်နေသော အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ စီးပွားရေးဆိုင်ရာ မှတ်ချက်များနှင့် မဟာမိတ်များအပေါ် မဆင်မခြင် ရန်လိုသော မှတ်ချက်စကားများကြောင့် အမေရိကန်ဒေါ်လာ၊ အမေရိကန်စီးပွားရေးမူဝါဒနှင့် အမေရိကန်ငွေတိုက်စာချုပ်များအပေါ် ယုံကြည်မှု ကျဆင်းခြင်းတို့၏ နောက် ဆက်တွဲ နိုင်ငံတကာတွင် ရွှေစျေးနှုန်းမှာ တရိပ်ရိပ် ထိုးတက်လာနေကြောင်း၊ ရွှေတစ်အောင်စလျှင် ယခုအခါ အမေရိကန်ဒေါ်လာ ၅၂၉၂ ဒသမ ၆၀ အထိ စံချိန်တင် ထိုးတက်လာကြောင်း၊ ထို့ကြောင့် မြန်မာ့စျေးကွက်အပါအဝင် နိုင်ငံတကာစျေးကွက်အားလုံးတွင် ရွှေစျေးနှုန်းများ တဟုန်ထိုးမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
“ရွှေစျေးတက်တာက မြန်မာတစ်ခုတည်းတော့မဟုတ်ဘူး။ ထိုင်းမှာလည်း ရွှေစျေးတွေ အသားကုန်တက်နေတာပဲ။ မြန်မာမှာက အခုတက်တာ တော်တော်ကြီးထိန်းထိန်းသိမ်းသိမ်း တက်တာလို့တောင် ပြောလို့ရတယ်။ ဒေါ်လာက မတက်ဘဲ အကျပြနေလို့ ဒီလောက်ပဲ တက်တာ။ ဒေါ်လာပါ လိုက်တက်ရင် ရွှေစျေးက အခေါက်ရွှေ တစ်ကျပ်သား သိန်း ၁၅၀ နားလောက်ကပ်သွားမှာ” ဟု ရန်ကုန်အခြေစိုက် မီးလင်းရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။
လက်ရှိ ရွှေစျေးကွက်တွင် ရွှေအဝယ်ထက် အရောင်းက ပိုမိုများပြားကြောင်း၊ ရွှေစျေးတက်ချိန် ပြန်လည်ရောင်းချသူများပြားပြီး ဝယ်သူက အသင့်အတင့်သာရှိကြောင်း သိရှိရသည်။
“ငွေပိုငွေလျှံရှိတဲ့သူကတော့ ရွှေဝယ်တယ်။ အခုက ဆိုင်တွေနဲ့ စျေးကွက်ထဲမှာတော့ အရောင်းများတယ်” ဟု ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးကရှင်းပြသည်။
အမေရိကန်ဒေါ်လာမှာမူ စျေးအနည်းငယ် ကျဆင်းသွားပြီး အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၀၀၀ ကျပ်ဝန်းကျင်တွင်သာ ရှိတော့ကြောင်း သိရှိရသည်။

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ – ဇန်နဝါရီ ၂၈ ၊ နံနက် ၁၀ နာရီ)
Voice of Myanmar
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၅၂၄၃ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၀၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၈၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၈၃၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၄၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၄၃၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ – ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၇၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၇၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၃၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၁၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ – ၃၆၅၇ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး – ၃၉၉၀ ကျပ်
ဝယ်ဈေး – ၃၈၉၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး – ၃၁၆၀ ကျပ်
ဝယ်ဈေး – ၃၀၈၀ ကျပ်
-ယူရို
ရောင်းဈေး – ၄၇၈၅ ကျပ်
ဝယ်ဈေး – ၄၆၆၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး – ၁၂၉.၀၃ ကျပ်
ဝယ်ဈေး – ၁၂၅.၇၉ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး – ၁၀၁၆ ကျပ်
ဝယ်ဈေး – ၉၉၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး – ၅၇၄ ကျပ်
ဝယ်ဈေး – ၅၆၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး – ၂၆.၀၉ ကျပ်
ဝယ်ဈေး – ၂၅.၄၃ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး – ၄၃.၅၇ ကျပ်
ဝယ်ဈေး – ၄၂.၄၈ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး – ၂.၇၉ ကျပ်
ဝယ်ဈေး – ၂.၇၂ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး – ၅၅၀၅ ကျပ်
ဝယ်ဈေး – ၅၃၆၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး – ၂၇၈၈ ကျပ်
ဝယ်ဈေး – ၂၇၁၈ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး – ၂၉၃၂ ကျပ်
ဝယ်ဈေး – ၂၈၅၈ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး – ၅၁၂ ကျပ်
ဝယ်ဈေး – ၄၉၉ ကျပ်
-ယူအေအီး
ရောင်းဈေး – ၁၀၈၇ ကျပ်
ဝယ်ဈေး – ၁၀၅၉ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။