“NLD အစိုးရလက်ထက်က ကြံ့ခိုင်းရေးတွေ မဘသအကြီးအကဲတွေ စစ်တပ်ဘက်လူတွေပေါင်းပြီး NLD အစိုးရဖြုတ်ချရေးဆိုပြီးလုပ်တာ၊ရန်ကုန်မြို့က ဗလီကြီးတွေကို ဗုံးခွဲပြီး ဘာသာရေးအဓိက ရုန်းဖြစ်အောင်လုပ်မယ်ပြီးတော့မှ အစိုးရက မနိုင်တော့လို့ စစ်တပ်ကိုအာဏာလွဲလိုက်ရပါတယ် ဆိုတဲ့ပုံစံမျိုးလုပ်နဲ့အာဏာပြန်ယူဖို့လုပ်တာ”

ဟိဏ်းဝေယံ (မဘသအဖွဲ့ဝင်ဟောင်း) နှင့်တွေ့ဆုံမေးမြန်းခြင်း
By ရန်ကုန်ခေတ်သစ်
အခု ICJ နဲ့ ဂမ်ဘီယာ ကိစ္စကို အကြောင်းပြုပြီးတော့ မဘသရော အမျိုးသားရေး အစွန်းရောက် တွေကရော ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စီစဉ်နေပါပြီ။NLD အစိုးရလက်ထက်မှာလည်း နိုင်ငံကို ကောင်းကောင်းမွန်မွန်အုပ်ချုပ်လို့မရဘဲ စစ်တပ်လက်ထဲ အာဏာပြန်အပ် အကွက်ကျကျ လူမျိုးရေးဘာသာရေး အဓိကရုန်းတွေ ဖန်တီးခဲ့တာတွေရှိပါတယ်။
အဲဒီလို ဘာသာရေးအဓိကရုန်းတွေ အမျိုးသားရေးအစွန်းရောက်ပွဲတွေကို ဘယ်လိုဖန်တီးခဲ့လဲ။ ဘယ်သူတွေက ငွေကြေးထောက်ပံ့လဲ။ ဘယ်သူတွေပါဝင်လဲ။ အနှိပ်ခံတာကြိုက်တဲ့ သီတဂူကြီး မာတုဂါမနဲ့ အနှိပ်ခံနေတဲ့ ပုံတွေနဲ့အကျပ် ကိုင်ပြီး ဘာသာရေးလှုံဆော်မှုတွေမှာ နောက်ကွယ်က ကြိုးကိုင်ခဲ့တဲ့အကြောင်းတွေကို တချိန်က မဘသအဖွဲ့ဝင်အဖြစ် ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ ကိုဟိဏ်းဝေယံ နဲ့ မေးမြန်းထားတာကို တင်ဆက်လိုက်ရပါတယ်။