နတ်ရေကန်ဗျူဟာအနီး ကာကင်းစခန်းတခုကို
AAနဲ့ ပူးပေါင်းတပ်တွေထပ်သိမ်း
ဇန်နဝါရီ-၁၈၊၂၀၂၆။အိမ်သွင်/People’s Spring
တိုက်ပွဲတွေပြင်းထန်နေတဲ့ နတ်ရေကန်ဗျူဟာအနီး၊ ပဇီရွာနားက ကာကင်းစခန်းတစ်ခုကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းယူလိုက်ပြီးစစ်သုံ့ပန်းတချို့ဖမ်းမိခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြားကနေ ဇန်နဝါရီလ ၁၇ ရက်ညနေမှာ သိမ်းယူလိုက်တာလို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
“ပဇီရွာကနေ ရှေ့ကိုတိုးလာတဲ့ကာကင်းကို ထိုးစစ်ဆင်ပြီးဖယ်ရှားတာ။ တိုက်ပွဲက ပြင်းထန်ပါတယ်။ သုံ့ပန်းတွေလည်း မိထားတာရှိတယ်” လို့ ၎င်းက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ကပဇီရွာကိုတပ်စွဲထားပြီးနတ်ရေကန်ဗျူဟာကို စစ်ကူပို့နိုင်ဖို့ ကြိုးစားနေတာပါ။ နတ်ရေကန်ဗျူဟာနဲ့ ပဇီရွာကို AAနဲ့ ပူး
ပေါင်းတပ်တွေကဖြတ်တောက်ထားနိုင်ပြီး ဗျူဟာထဲကို စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေပါတယ်။
နတ်ရေကန်ဗျူဟာနဲ့ ၂မိုင်ခန့်အကွာက ဂုတ်ကြီးစခန်းအနီးမှာလည်း ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်း
က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ရေးဆက်
လက် တင်းမာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
ဂုတ်ကြီးစခန်းဟာ မကွေးတိုင်းငဖဲမြို့နယ်ထဲမှာပါဝင်ပါတယ်။ ဂုတ်ကြီးစခန်းကို AAက ပြီးခဲ့တဲ့
၂၀၂၅စက်တင်ဘာလကုန်မှာသိမ်းပိုက်ခဲ့ပြီး အောက်တိုဘာလမှာ စစ်ကောင်စီ ပြန်လည်ထိုးစစ်စင်တိုက်ခိုက်ခဲ့ပါတယ်။ဒီဇင်ဘာလ၂၀ရက်နေ့မှာ ပြန်လည်သိမ်းယူခဲပေမယ့် တစ်ရက်သာ ထိန်းချုပ်နိုင်ခဲ့ပြီး AAနဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်လို့ ဒီဇင်ဘာလ၂၁ရက်နေ့မှာ ပြန်လည်ဆုတ်ခွာသွားရတာပါ။ မြေပြင်တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေလည်းနေ့စဉ် ဗုံးလာကြဲနေတယ်လို့ သတင်းရရှိပါတယ်။
နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ စစ်တပ်က တပ်မ
(၈၈)ကိုပါ အသုံးပြုလာပြီး မူလရှိနေတဲ့စကခ
(၁၇) လက်အောက်ခံတပ်ရင်းတွေအပါအဝင် အင်အား ၁၀၀၀ ခန့်အထိ သုံးပြီး ခုခံဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။တပ်မ(၈၈)ဟာ မင်းဘူးမြို့အခြေစိုက်ဖြစ်ပြီး လက်အောက်ခံတပ်ရင်းတွေကို စစ်ကောင်စီက နတ်ရေကန်ဗျူဟာခုခံတိုက်ခိုက်ဖို့ ပို့ဆောင်ထားတာဖြစ်ပါတယ်။ နတ်ရေကန်ဗျူဟာကို ခုခံတဲ့ တိုက်ပွဲမှာ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းထားတဲ့စစ်သင်တန်းဆင်း တွေကိုလည်း ပို့ဆောင်ထားပြီးရှေ့တန်းကနေထွက်ပြေးတာတွေ၊ လက်
နက်ချအလင်းဝင် တာတွေရှိနေပါတယ်။လက်ရှိမှာတော့ နတ်ရေကန်ဗျူဟာထဲမှာ ဒဏ်ရာရထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် အင်အား ၃၀၀ခန့်ရှိနေသေးတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။
AAနဲ့ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်ကစစ်တွေနဲ့ကျောက်ဖြူမြို့၊ မကွေး၊ ပဲခူးနဲ့ဧရာဝတီတိုင်းထဲက ရခိုင်ပြည်နယ်နဲ့ နယ်စပ်ဒေသ ၃ခုမှာ တိုက်ပွဲတွေ ပြင်းထန် နေပါတယ်။ စစ်တွေမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း စစ်တပ်မှာထိခိုက်သေဆုံးမှုများပြားသလို AAတပ်ဖွဲ့ဝင်အချို့လည်းထိခိုက်မှုရှိပါတယ်။
ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းနယ်စပ်ဖြစ်တဲ့ပန်းတောင်းမြို့နယ်ထဲမှာ ဇန်နဝါရီလ၄ရက်နေ့ကဖြစ်
ပွားတဲ့တိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူး
ကြီးဟန်လင်းအောင် သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီမှာတိုက်ပွဲဆက်လက်ပြင်းထန်နေသလို ဧရာဝ
တီတိုင်း လေးမျက်နှာမြို့နယ်ထဲမှာလည်းဇန်နဝါ
ရီလ ၁၈ရက်မနက်အထိ စစ်ရေးတင်းမာနေပါတယ်။ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သံ
တွေကို အနီးဝန်းကျင်မြို့နယ်တွေကနေကြားနေရပါတယ်။
(၂၀၂၅ စက်တင်ဘာ ၇ ရက်မှာ နတ်ရေကန်ကုန်းတောင်ဘက် ဝေဠုဝန်ကျောင်းအနီးဖြစ်ပွားတဲ့တိုက်ပွဲမှာ AA ကစစ်တပ်ထံက သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းတွေ။ဓါတ်ပုံ-AA Info Desk)