“စစ်ကိုင်းမြို့ထွက် စစ်တပ်ဂိတ်ကို PDF တွေ တိုက်ခိုက်စီးနင်း၊ တပ်ပေါင်းစု SRA က မကွေးနဲ့ စစ်ကိုင်းမှာ တော်လှန်ရေးဆင်နွှဲမယ်၊ ကောလင်းမြို့နယ်က စစ်ရှောင်တွေရှိတဲ့ဈေးကို စစ်တပ် ဝင်ရောက်ပစ်ခတ်၊ မပေါက်ကွဲသေးတဲ့ စစ်တပ်ရဲ့ လက်နက်ကြီးကျည်တွေ သုံးပြီး ပြန်တိုက်ခိုက်”

စစ်ကိုင်းမြို့က ကံတလူတိုးဂိတ်ကို PDF စစ်​မေ​တွေအပါအဝင် PDF ​တွေတိုက်ခိုက်သိမ်းယူ
ဇန်နဝါရီ-၁၆၊၂၀၂၆။အိမ်သွင်၊မိုမို/People’s Spring


.

စစ်ကိုင်းမြို့က ကံတလူတိုးဂိတ်ကိုSAGAING PDF ပူးပေါင်းတပ်တွေနဲ့အတူ PDF စစ်မေတွေပါ ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းယူနိုင်ခဲ့ပါတယ်။
ဇန်နဝါရီ ၁၅ ညပိုင်းမှာ ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်တာလို့ SAGAING PDFက သတင်းထုတ်ပြန်ပါတယ်။SAGAING PDF (စစ်ကိုင်းစစ်ကြောင်း) နဲ့အတူ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ တို့နဲ့အတူ SAGAING PDF က စစ်သည်ရဲမေတွေပါ ပါ၀င်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မနေ့က(ဇန်နဝါရီ ၁၅ ရက်)ညပိုင်းက ကံတလူတိုးဂိတ်ကို ၀င်ရောက်စီးနင်းပစ်ခတ်တိုက်ခိုက်တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှု‌ကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုများစွာနဲ့ စစ်ကိုင်းမြို့ဖက်ဆုတ်ခွာထွက်ပြေးခဲ့တယ်လို့သိရပါတယ်။
“ရန်သူအလောင်းလက်နက်ရရှိတဲ့ အသေးစိတ် အစီရင်ခံစာတော့ မြေပြင်စစ်ကြောင်းမှူးတွေဆီက မရသေးဘူး”လို့ စစ်ကိုင်း PDF တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
အဲဒီနောက်ပိုင်း တိုးဂိတ်က စစ်တပ်တပ်စွဲထားတဲ့ အဆောက်အဦးတွေကို ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့ အသိပေးပါတယ်။
“အဲဒီကံတလူတိုးဂိတ်ကို တိုက်ခိုက်စီးနင်းဖို့ဆိုတာ မလွယ်ဘူး။အဲဒီတိုးဂိတ်နားမှာ အမှတ် ၁၆ ရဲတပ်ရင်းရှိတယ်။အမှတ် ၃ ရဲ လေ့ကျင့်ရေးတပ်တွေရှိတယ်။လမ်းလျှောက်ရင်တောင် ငါးမိနစ်ပဲ လောက်ပဲ ကြာတယ်”လို့ စစ်ကိုင်းမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲမှာ SAGAING PDF က စစ်သည်ရဲမေတွေ ပါ၀င်တိုက်ခိုက်ခဲ့တဲ့အပြင် မိုးကုတ်-မိုးမိတ်ဒေသမှာ Operation- 677 စစ်ဆင်ရေးဖော်ဆောင်ပြီး အမျိုးသားညီ‌ညွှတ်ရေးအစိုးရ၊ကာကွယ်ရေး၀န်ကြီးဌာန လက်အောက်ခံတပ်တွေနဲ့ ပူးတွဲ တိုက်ပွဲဝင်နေတယ်လို့လည်း သိရပါတယ်။
ကံတလူ တိုးဂိတ်ကို တိုက်ခိုက်မှုမှာ လင်းယုန်ညီ နောင်ပြောက်ကျားတပ်ဖွဲ့ နဲ့ စစ်ကိုင်း ပကဖ တို့လည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော် ပြ ပါတယ်။
စစ်ကိုင်းမြို့ထွက် မုံရွာ-မန္တလေးကားလမ်းပိုင်း​က ကံတလူတိုးဂိတ်မှာရှိတဲ့ စစ်အုပ်စုက ခရီးသွားတွေနဲ့ ကုန်တင်ယာဥ်တွေကို စစ်ဆေးငွေညှစ်မှုမှာ နာမည်ကြီးပြီး ပြီးခဲ့တဲ့နှစ်တွေကတည်းက တော်လှန်ရေးတပ်တွေမကြာခ ဏ တိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။
ကံတလူတိုးဂိတ်ဟာ စစ်ကိုင်းမြို့မှတစ်ဆင့် အ
ထက်မြန်မာပြည် (ရွှေဘို၊ မြစ်ကြီးနား)၊ အနောက်ဘက် (မုံရွာ၊ ကလေး)ဘက်ကိုသွားတဲ့မုံရွာ-မန္တ
လေးကားလမ်းပေါ်ရှိပြီး စစ်ကောင်စီက အခိုင်
အမာတပ်စွဲထားတာ ဖြစ်ပါတယ်။
ပြည်သူလူထုကို နေ့စဉ် ဒုက္ခပေးနေတဲ့ဂိတ်ကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ PDFတွေက သတင်းထုတ်ပြန်ထားပါတယ်။
ရုပ်သံ – Sagaing PDF