အသက် ၃၅ နှစ်အောက် PJ ပတ်စ်ပို့တွေကို PV
ပတ်စ်ပို့ ပြောင်းလဲမှု ပြန်လည် ရပ်ဆိုင်းပြန်
ဇန်နဝါရီ-၁၆၊၂၀၂၆။ဇေအောင်/People’s Spring
စစ်ကောင်စီကနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ထုတ်ပေးတာမှာ အသက် ၃၅ နှစ်အောက် PJ ပတ်စ်ပို့သမားတွေကို PV ပတ်စ်ပို့ပြောင်းလဲမှု ပြန်လည် ရပ်ဆိုင်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကစပြီး မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(Passport ရုံး)တွေမှာ အသက် ၃၅ နှစ်အောက်ဆိုရင် အလုပ်နဲ့ပြည်ပထွက်လို့ရတဲ့ PJ(Passport for job)ပတ်စ်ပို့စာအုပ်တွေကို အလည်အပတ် ပတ်စ်ပို့ PV
(Passport fo Visit) ပြောင်းမပေးတော့ဘူးလို့ သွားရောက်လုပ်ကိုင်ခဲ့သူတွေက ပြောပါတယ်။
“သက်တမ်းကျန် PJ ကနေ PV ချိန်းတဲ့သူအကုန်
လုံးကို ပြန်လွှတ်လိုက်တာ။”လို့ ရန်ကုန် ပတ်စ်ပို့ရုံးမှာ သွားရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။
အရင်ကလည်း PJကနေ PV ပြောင်းတာတွေ ယာယီရပ်တန့်ခဲ့ပြီး ကန့်သတ်မှုတွေနဲ့ ပြန်ပြောင်းပေးခဲ့ပါတယ်။အခုအခါ အာဏာသိမ်းစစ်တပ်ရဲ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေပြည်ပထွက်တာများပြားလာတာကြောင့် အခုလို ထပ်မံကန့်သတ်လိုက်တာဖြစ်ကြောင်း PJကနေ PV ပြောင်းလိုသူတွေက ပြောပါတယ်။
ဒါ့အပြင် ပြည်ကနေ ယာယီပြန်လာတဲ့ အလုပ်
သမားတွေအနေနဲ့ အလုပ်သမားရုံးကနေထုတ်ပေးမယ့် ခွင့်ပြုချက်ပါမှာသာ ပြန်ထွက်ခွင့်ပြုမယ်လို့ ဇန်နဝါရီ ၁၂ ရက်ကက ကြေညာခဲ့ပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ပတ်စ်ပို့ရုံး၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွေဟာ မူဝါဒအမျိုးမျိုး မကြာခဏ ပြောင်းလဲနေပြီး ပြည်ပထွက်ခွာလိုသူတွေဆီက ငွေကျပ်သိန်းပေါင်းများစွာ လာဘ်ငွေရယူနေကြောင်း ပြည်ပရောက်အလုပ်သမားတွေက ပြောပါတယ်။
ဒါအပြင် စစ်အုပ်စုက လူငယ်တွေကို အဓမ္မစစ်သားသစ်စုဆောင်း စစ်သင်တန်းတက်ခိုင်းပြီး ရှေ့တန်းလွှတ်စစ်တိုင်ခိုင်းနေတာဟာ သင်တန်းအပါတ်စဥ် နှစ်ဆယ်ကျော်လာပြီဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းတိုက်ပွဲတွေမှာ စစ်တပ်က စစ်သားသစ်တေ့ကို အခုနောက်ပိုင်းအဓိကအသုံးပြုနေပြီး သေဆုံးဒဏ်ရာရတာ ၊လက်နက်ချတာ ၊အလင်းဝင်တာ ၊ စစ်သုံ့ပန်းအဖြစ်အဖမ်းခံရတာ၊ထွက်ပြေးတာတွေလည်းများစွာရှိပါတယ်။ဒါကြောင့် စစ်တပ်က အဓမ္မစစ်သားသစ်စုဆောင်းမှုကို ဆက်တိုက်လုပ်နေပြီးအခုအခါ စစ်မှုထမ်း စစ်သင်တန်းအမှတ်စဥ် ၂၁ အတွက်ဖွင့်ဖို့လူငယ်တွေကို အဓမ္မစုဆောင်းနေပါတယ် ။ စစ်မှုမထမ်းမနေရ ဥပဒေမှာ အသက် ၁၈ နှစ်ကနေ ၃၅ အတွင်း အမျိုးသားတွေကိုစစ်မှုထမ်းရမယ်ဆိုပြီး စစ်ကောင်စီက ပြဌာန်းထားတာပါ ။
(မြန်မာနိုင်ငံကူးလက်မှတ်။ ။ဓါတ်ပုံ-ABC)