ယောကျာ်းဖြစ်သူက PDF တွေဆီဖမ်းခံရချိန် KTVမှာပတ်ရှာနေတဲ့ သီတာယုမွန်

ယောကျာ်းဖြစ်သူက PDF တွေဆီဖမ်းခံရချိန် KTVမှာပတ်ရှာနေတဲ့ သီတာယုမွန်

မြင်းခြံမြို့နယ်မှ စစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်ရဲ့ ယောက်ျားဖြစ်သူကို မူးယစ်ဆေးဝါးတွေနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေက အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ယောက်ျားပျောက်နေတာကြောင့် သီတာယုမွန်က ကား ၃ စီးနဲ့ မြင်းခြံမြို့အနှံ့ KTV တွေမှာ လိုက်လံရှာဖွေနေတယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်၊ မနက်ပိုင်းက မြင်းခြံမြို့မှတဆင့် အပန်းဖြေခရီးထွက်လာတဲ့ သီတာယုမွန်ရဲ့ ယောက်ျားဖြစ်သူ စိန်လွင်ကို သူစီးလာတဲ့ကားနဲ့အတူ မူးယစ်ဆေးဝါးအမြောက်အများနဲ့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း၊ တပ်ခွဲ(၂)က တော်လှန်ရေးတပ်ဖွဲ့တွေက မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်းမှာ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
သီတာယုမွန်အကြောင်းတွေ၊ ပျူစောထီးတွေအကြောင်းတွေအပါအဝင် စိတ်ဝင်စားစရာအကြောင်းတွေကို မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းက ဒုတပ်ရင်းမှူး ကိုမင်းသားကြီးနဲ့ ကိုစိန်လွင်ကို BBMမှ ကိုထက်မြတ်က တွေ့ဆုံမေးမြန်းဆွေးနွေးထားပါတယ်။
#bbm #htetmyat #ThidaYuMon #Seen #KTV #Husband #Arrested #PDF