မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်ဝင်းအနီး တိုက်ပွဲဖြစ် ၊ပစ်ခတ်သံ​တွေဆူညံ​နေ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်ဝင်းအနီး တိုက်ပွဲဖြစ် ၊ပစ်ခတ်သံ​တွေဆူညံ​နေ
ဇန်နဝါရီ-၁၅၊၂၀၂၆။ဇော်ရမ်း/People’s Spring
မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်ဝင်းအနီး ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်နေပြီး ပစ်ခတ်သံတွေဆူညံနေတယ်လို့ မြို့ခံတွေကပြောပါတယ်။
“မနက်၇နာရီလောက်ကစပြီးပစ်ကြတာ။ တိုက်
ခိုက်ခံရတဲ့အနေအထားပဲ။ လက်နက်ကြီးလက်
နက်ငယ်သံတွေဆူညံနေတယ်ဗျ။ မြို့ခံတွေ သတိအနေအထားနဲ့နေကြတယ်”လို့ မြစ်ကြီးနားမြို့ခံတစ်ဦးကပြောပါတယ်။
မြစ်ကြီးနားမြို့၊ မော်ဖောင်းရပ်ကွက်၊ နမ့်ပေါင်ရွာမှာရှိတဲ့လေတပ်ဝင်းဟာ ဒီဇင်ဘာလ၂၅ရက်နဲ့ ၂၆ရက်ကလည်း ရှော့တိုက်ဒုန်းနဲ့ ၂ရက်ဆက်တိုက်ခိုက်ခံရပါတယ်။ တိုက်လေယာဉ်နဲ့ ရဟတ်ယာဥ်အချို့ထိခိုက် ပျက်စီးမှုရှိခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်တွေက​ပြောပါတယ်။တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာမှာရွှေအိုက်ရပ်ကွက်ထဲကို ကျရောက်
ပေါက်ကွဲပြီး ဒေသခံတစ်ဦးသေဆုံးခဲ့ပါတယ်။
နမ့်​ပေါင်လေယာဉ်ကွင်းဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း လေကြောင်း တိုက်ခိုက်ရာမှာ စစ်တပ်က အဓိကအသုံးပြုနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ဧပြီလကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်ဝင်းကို ​တော်လှန်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုန်း ၁၀လုံးနဲ့ တိုက်ခိုက်ခဲ့ပါ​သေးတယ်။
အခုရက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်
(KIA) နဲ့ KPDF ပူးပေါင်းတပ်‌တွေက ဗန်းမော်မြို့
သိမ်းတိုက်ပွဲကိုအရှိန်မြှင့်နေပြီး ဖားကန့်မှာလည်း ပစ်ခတ်မှုတွေပြန်လည်ဖြစ်ပေါ်နေပါတယ်။
(​မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ ​လေတပ်စခန်းမှာစစ်တပ်​လေယာဥ်အချို့ကို​တွေ့ရစဥ်။
ဓါတ်ပုံ-CINCDS)