မိုးမိတ်မြို့အနီး TNLA နှင့် KIA ကြား စစ်ရေးတင်းမာနေ။
၁၄ ဇန်နဝါရီ ၂၀၂၆။ -7stars News
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့အနီး ချဉ်းကပ်လာသော KIA တပ်ဖွဲ့ကို TNLA တပ်ဖွဲ့မှ တားဆီးရာမှ နှစ်ဘက်စစ်ရေးတင်းမာမှု ရှိနေကြောင်း သတင်းရရှိသည်။
KIA တပ်မဟာ (၄) လက်အောက်ရှိ တပ်ဖွဲ့များမှ မိုးမိတ် စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် စစ်ချီလာစဉ် TNLA တပ်ဖွဲ့မှ လမ်းခုလပ်တွင် တားဆီးပိတ်ပင်ခဲ့ခြင်းကြောင့် နှစ်ဘက်တပ်ဖွဲ့ကြား အချင်းများကာ စစ်ရေးတင်းမာနေခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်က 7stars News ကို ပြောသည်။
“မိုးမိတ် နဲ့ မိုးကုတ်တွေမှာ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကော်မရှင်
တပ်ဖွဲ့ကြား တိုက်ပွဲတွေဖြစ်နေတာ အားလုံးအသိပါပဲ။ KIA တပ်မဟာ (၄) လက်အောက်က ပူးပေါင်းတပ်ဖွဲ့တွေ မိုးမိတ်စစ်မျက်နှာဘက်ကို အင်အားဖြည့်ဖို့ စစ်ချီလာချိန် လမ်းခုလပ်မှာ TNLA တပ်ဖွဲ့ တွေကြားဖြတ်တားဆီးနေတာ
ကြောင့် နှစ်ဘက်စကားအချေအတင်များရာကနေ ခု စစ်ရေးတင်းမာတဲ့ အခြအနေထိဖြစ်လာတာပါ။” ဟု ဆိုသည်။
KIA စစ်ကြောင်းကို အထက်အမိန့်အရ တားဆီးခြင်းဖြစ်ကြောင်းကိုလည်း TNLA အရာရှိပြောဆိုခဲ့သည်ဟု ဆိုသည်။
KIA နှင့် TNLA တပ်ဖွဲ့သည် ထာဝရမဟာမိတ်အဖြစ် ကတိပြုထားသော တပ်ဖွဲ့များဖြစ်သော်လည်း ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း
တပ်ဖွဲ့ နှစ်ဖွဲ့ကြား နယ်မြေအငြင်းပွားမှုများ အကြိမ်ကြိမ်ဖြစ်ခဲ့ရာမှ မဟာမိတ်စီးဖောက်ဖျက်မည့် အနေအထားထိ စစ်ရေးတင်းမာမှုများ ရံဖန်ရံခါ ဖြစ်ပွားခဲ့သည်။
ဓာတ်ပုံ-ပုံဟောင်းဖြစ်သည်။