ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ကြံ့ဖွတ်ပါတီမှ အောင်မျိုးသန်းက အနိုင်ရ
🟥ရန်ကုန်ရှိ မြို့နယ် ၁၆ ခုတွင် ၁၅ ခုကို ကြံ့ဖွတ်က အနိုင်ရပြီး ကြည့်မြင်တိုင်တွင် တသီးပုဂ္ဂလ ပြည်သူ့ လွှတ်တော်အမတ်အဖြစ် ဇောတိက ခင်လှိုင်က အနိုင်ရ
ရန်ကုန်၊ ဇန်နဝါရီ ၁၂
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ကြံ့ဖွတ်ပါတီမှ အောင်မျိုးသန်းက အနိုင်ရရှိသွားကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းမြစ်က ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့သော ကော့မှူးမြို့နယ်၏ ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ကိုယ်စားလှယ်လောင်း ၆ ဦး ယှဉ်ပြိုင်ခဲ့ကြပြီး ယင်း ၆ ဦးအနက်မှ ကြံ့ဖွတ်ပါတီမှ အောင်မျိုးသန်းက အနိုင်ရရှိသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း ၂ အဖြစ် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ်နေရာအတွက် ပြည်သူ့ပါတီမှ ကျော်ကျော်ထွေး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဇေယျာထွန်း၊ ညီညွတ်သော တိုင်းရင်သား လူမျိုးများ ဒီမိုကရေစီပါတီမှ မြင့်သိန်း၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ မြင့်အေး၊ မြန်မာနိုင်ငံတောင်သူလယ် သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ရဲနိုင်၊ ကြံ့ဖွတ်ပါတီမှ အောင်မျိုးသန်းတို့က ယှဉ်ပြို င်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းတွင် မြို့နယ် ၁၆ ခုအနက်မှ ကြံ့ဖွတ်ပါတီက မြို့နယ် ၁၅ ခုတွင် အနိုင်ရရှိခဲ့ပြီး ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ်နေရာတွင် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် လောင်း ဇောတိက ခင်လှိုင်က အနိုင်ရရှိသွားကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ် ၁၀၀ တွင် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းတွင်မူ မြို့နယ် ၁၆ ခုဖြစ်သော ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နှင့် အင်းစိန်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Photo- AFP။