မုံရွာမြို့(နမခ)ကို ဆင်းတဲ့ MI17 ထိမှန်အောင် ပစ်နိုင်ခဲ့တယ်လို့ BOB ထုတ်ပြန်
စစ်ကိုင်း၊ ဇန်နဝါရီ ၁၀




စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဆင်းတဲ့ MI 17P ကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ တယ်လို့ BOB Battalion of Budalin က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပစ်ခတ်တာက ဇန်နဝါရီ ၈ ရက်နေ့ နေ့လယ် နှစ်နာရီခန့်မှာ ဖြစ်ပြီး ကန့်ဘလူ ၆၀၀၆ မှ မုံရွာမြို့(နမခ) ကို ဆင်းတဲ့အချိန် ပစ်တာလို့ အဲဒီအဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ရဟတ်ယာဉ်က ခေါင်းပိုင်း နဲ့ အမြီးပိုင်း ထိမှန်ခဲ့သလို ဒေသခံပြောပြချက်အရ ရဟတ်ယာဉ်အောက်သို့အကျ မှာ ပေါက်ကွဲသံ ကြားတယ်လို့ BOB က အသိပေးပါတယ်။
BOB တာဝန်ရှိသူက “ အတွင်းသတင်း အရ ပျက်စီးသွားလို့ မောင်းမရ တဲ့ ကျနော်က အဲလောက်ပဲသိပါတယ်” လို့ ပြောပါတယ်။
ဒီပစ်ခတ်မှုကို မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်း BOB ၏ စီစဥ်မူ့နှင့်အတူ သပိတ်ကျင်းတိုက်နယ် (ပကဖ) , အရာတော်မြို့နယ်(ပကဖ)တို့က မုံရွာခရိုင် (ပကဖ)၏ ထောက်ပံ့မှုနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
Photo – မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်း
ပဋိပက္ခကြောင့် အချက်အလက်အချို့နဲ့ ဗီဒီယိုကို လွတ်လပ်စွာ အတည်ပြုနိုင်ဖို့ ထပ်မံကြိုးစားနေပါတယ်။
ကန့်ဘလူမြို့နယ် ၆၀၀၆ အမြောက်တပ်မှ မုံရွာမြို့ နမခ သို့ လာရောက်သည့် စစ်တပ်၏ Mi-17 ရဟတ်ယာဉ်ကို ပွိုင့်ဖိုက်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ရဟတ်ယာဥ် ခေါင်းပိုင်း နှင့် အမြှီးပိုင်းကို ကျည်ထိမှန်ပြီး ပျက်စီး (ရုပ်/သံ)
ရန်ကုန်၊ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ၆၀၀၆ အမြောက်တပ်မှ မုံရွာမြို့ နမခ သို့ လာရောက်သည့် အကြမ်းဖက် စစ်တပ်၏ Mi-17 ရဟတ်ယာဉ်ကို ပွိုင့်ဖိုက်ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ရဟတ်ယာဥ် ခေါင်းပိုင်း နှင့် အမြှီးပိုင်းကို ကျည်ထိမှန်ပြီး ပျက်စီးသွားကြောင်း မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်း (BOB – Battalion Of Budalin) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၄ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ် ၆၀၀၆ အမြောက်တပ်မှ မုံရွာမြို့ နမခ သို့ လာရောက်သည့် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ ရဟတ်ယာဥ် (Mi-17) ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းတနေရာတွင် ပွိုင့်ဖိုက်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်၏ ရဟတ်ယာဉ် ခေါင်းပိုင်း နှင့် အမြှီးပိုင်းကို ကျည်ထိမှန်ခဲ့ပြီး ပျက်စီးခဲ့ကြောင်း၊ ဒေသပြည်သူများ ပြောကြားချက် အရ ရဟတ်ယာဥ် အောက်သို့အကျတွင် ပေါက်ကွဲသံကျယ်လောင်စွာ ကြားရသည်ဟု ပြောဆိုသော်လည်း အတည်မပြုနိုင်သေးကြောင်း မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်း (BOB – Battalion Of Budalin) မှ တာဝန်ရှိသူက ရှင်းပြသည်။
“အတွင်းသတင်း အရ ပျက်စီးသွားလို့ မောင်းမရဘူးတဲ့ လုံးဝကြီး ပျက်ကျသွားတာ မဟုတ်ဘဲနဲ့ ထိတာတော့ထိသွားပြီး မနေ့ကတော့ တော်တော်ထိသွားလို့ ပြင်ရမယ် သတင်းကြားတာ ဒီမနက်တော့ ပျက်စီးသွားလို့ မောင်းလို့မရတဲ့အခြေအနေ သတင်းကြားတာပါ။ ကျနော်က အဲလောက်ပဲသိပါတယ်။ တာဝန်ရှိရဲဘော် လိုင်းတက်တဲ့အခါ ပြန်ပြောပါလိမ့်မယ်” ဟု မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်း (BOB – Battalion Of Budalin) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်း BOB ၏ စီစဥ်မှုနှင့်အတူ သပိတ်ကျင်းတိုက်နယ် (ပကဖ) ၊ အရာတော်မြို့နယ်(ပကဖ)တို့က မုံရွာခရိုင် (ပကဖ) ၏ ထောက်ပံ့မှုဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
