BNRA ကို NUG ကတိုက်ခိုက်တော့မယ်လို့ BRNA က ထုတ်ပြန်၊ အဆုံးစွန်ထိ ရင်ဆိုင်တုန့်ပြန်သွားမယ်လို့ဆို
ဇန်နဝါရီ ၈ – ၂၀၂၆



ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကိုတိုက်ခိုက်ဖို့ အတွက် NUG MOD ရဲ့ လျှို့ဝှက် ညွှန်ကြားမှုနဲ့ အောက်ခြေ မှာ တပ်အင်အားတွေ စုစည်းနေပြီ ဖြစ်တယ်လို့ သတင်း အတိ အကျ ရထားကြောင်း BNRA က လူထုကို အသိပေးချက် ထုတ်ပြန်လိုက် ပါတယ်။
NUG အနေနဲ့ ရှေ့တိုး လုပ်ဆောင်လာပါက လုံးဝလက်ခံမှာ မဟုတ်ဘဲ BNRA အနေနဲ့ အဆုံးစွန်ထိ ရင်ဆိုင်တုန့်ပြန်သွားမယ်လို့ ဖေါ်ပြထား ပါတယ်။
နီးစပ်ရာ ပြည်သူတွေ သတိထား နေထိုင်ကြဖို့ကိုလည်း BNRA က အသိပေးထား ပါတယ်။
—————————
THN Public Media