PDF အုတ်ဂူပေါ် ဖိနပ်တင်ကြိုးစည်းတဲ့ကျော်စိုး
ဦးလုပ်ရပ်အပေါ် ပြည်သူနဲ့တော်လှန်ရေးရဲဘော်တွေ အပြင်းအထန်ဝေဖန်

ဇန်နဝါရီ-၇၊၂၀၂၆။နေ့သစ်/People’s Spring
အာဏာသိမ်းစစ်တပ်အတွက် ဝါဒဖြန့်ပေးနေတဲ့ People Mediaအယ်ဒီတာချုပ် ကျော်စိုးဦးဟာ
စဥ့်ကူးမြို့နယ်ကို စစ်တပ်နဲ့လိုက်သွားခဲ့ရင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ လူထုတော်လှန်ရေးအပေါ် စော်ကားတဲ့အပြုအမူတစ်ခုကို လုပ်ပြလိုက်ပါတယ်။
တော်လှန်ရေးရဲဘော်တွေရဲ့ အုတ်ဂူတွေကို ရုပ်သံနဲ့ရိုက်ပြရင်း ရှူးဖိနပ်စီးထားတဲ့ ကျော်စိုးဦးဟာ PDF ရဲဘော်တွေရဲ့အုတ်ဂူပေါ်တက်ပြီး ဘယ်ဘက်ခြေထောက်က ဖိနပ်ကို ကြိုးပြေနေတယ်ဆိုပြီး PDF အုတ်ဂူပေါ်မှာဖိနပ်တင်ကြိုးချည်ပြခဲ့ပါတယ်။ ကျော်စိုးဦးဟာ ဖိနပ်ကြိုးချည်ရင်း “ကျွန်တော်က ရှူးကြိုးချည်တာတောင်မှ ပဒတ်တွေရဲ့အုတ်ဂူပေါ်မှာ လာချည်တာဗျ”လို့ သူကပြောလိုက်တယ်။
သူ့ဖိနပ်ဟာ တရုတ်ပြည်ကဝယ်လာတာဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ပလောင်တွေရဲ့နေရာကို အခုလိုပဲ တရုတ်ဖိနပ်နဲ့ နင်းခဲ့တယ်လို့ သူကဂုဏ်ယူစွာနဲ့ပြောပါတယ်။
“မိုးကုတ်လည်း ဒီဖိနပ်နဲ့ပဲသွားမှာ။ တခြားဖိနပ်ရှိတယ်မစီးဘူး”လို့ သူက ဆက်ပြောတယ်။
ဒါ့အပြင် အုတ်ဂူဘေးမှာကျနေတဲ့ PDF ရဲဘော်တွေရဲ့ ဓာတ်ပုံတွေကို ကောက်ကိုင်ရင်း “ဇစ်ဖြုတ်လိုက်ရင် ကောင်းမလားမသိဘူး”လို့ ဓာတ်ပုံတွေပေါ် မှာအပေါ့စွန့်မယ့်သဘောပြောလိုက်ပါသေးတယ်။
အဲဒီအုတ်ဂူတွေကို ဘတ်ဖိုးနဲ့ကော်မှာဖြစ်ပြီး
သမိုင်းဆိုးမို့ ထားလို့မရဘူးလို့ သူကဆက်ပြောတယ်။”အကုန်ဖြိုမှာနော်။ထားလို့မရဘူးဒါတွေ”
လို့ သူက ပြောခဲ့တယ်။
အခုလုပ်ရပ်ကြောင့်ကျော်စိုးဦးရဲ့ သတင်းတင်ဆက်မှုတွေဟာ စစ်ကောင်စီအတွက် ဝါဒဖြန့်ရုံတင်မကဘဲ တော်လှန်ရေးနဲ့ပြည်သူတွေကိုပါ စော်ကားနေတာဖြစ်ကြောင်း ပြည်သူတွေကအပြင်းအထန် ဝေဖန်ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လတုန်းကလည်း လားရှိုးတိုက်ပွဲဖြစ်ပွားနေချိန် စစ်တပ်အနေနဲ့ ရဟတ်ယာဉ်တစ်စီးတည်းနဲ့ တိုက်ခိုက်နေတာထက် များများသေစေဖို့သုံးစီးလောက်နဲ့ ပစ်သင့်တယ်ဆိုပြီး ပြောဆိုခဲ့ဖူးပါတယ်။ ကျော်စိုးဦးဟာ စစ်တပ်ကို ဗုံးကြဲတိုက်ခိုက်ဖို့ မကြာခဏ တိုက်တွန်းလေ့ရှိပါတယ်။
“ကျော်စိုးဦး မိုက်ရိုင်းနေတာခုမှမဟုတ် လူပေါင်းများစွာကိုစကစက ဗုံးကြဲသတ်နေတာကိုသူက အကြိမ်ကြိမ်လက်ခုပ်လက်ဝါးတီးပြီး အားပေးအားမြှောက်နေတာကြာပြီ”လို့ Facebook သုံးစွဲသူတဦးက ရေးသားပါတယ်။
ကျော်စိုးဦးကို ဖမ်းပေးနိုင်ရင် ငွေသိန်းရာချီဆုချမယ်ဆိုတဲ့ Post တွေကိုလည်း သူက လှောင်
ပြောင်ကာ သူ့တယ်လီဂရန်ချန်နယ်ကနေ ပြန်တင်ခဲ့ပါသေးတယ်။ “ဘာတွေဖြစ်နေကြတာလဲ။ ထပ်လာမယ်”လို့ သူက ခနဲ့ခဲ့ပါတယ်။
ဒါကြောင့် ကျော်စိုးဦးရဲ့လုပ်ရပ်အတွက် ပြည်သူတွေ ဒေါသထွက်ခဲ့ကြပါတယ်။
“စစ်နိုင်သွားလို့ရန်သူကအုတ်ဂူဖျက်ဆီးချင်ရင်
ရပါတယ်။ဒါပေမဲ့မစော်ကားသင့်ဘူး။အရမ်းကိုစိတ်ဓာတ်ယုတ်ညံပါတယ်။သူကိုယ်သူ့သတင်း
ထောက်လို့လည်ခံယူထားတယ်။တရား၀င်သတင်း
ထောက်ဆိုရင်သတင်းကျင့်၀တ်ကိုလေးစားသင့်တယ်”လို့ ပြည်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။
“စော်ကားတော့လည်းပြုံးပြုံး ခံရတဲ့အချိန်ကျရင်လည်းပြုံးပြုံးလေးပဲမြင်ချင်တယ် ကျော်စိုးဦးရေ”လို့ လူမှုကွန်ရက်သုံးစွဲတဲ့ ပြည်သူတစ်ဦးက သတိပေးပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ရွှေဘိုခရိုင်တပ်ရင်း ၉၇၀၆(ဒေါင်းနီတပ်ရင်း) တပ်ရင်းမှူး ဗိုလ်လကျ်ာကလည်း “ပထမတွေ့တွေ့ချင်းတော့ ပွင့်ပွင့်လင်းလင်းပြောရရင် စိတ်ထဲမှာ တော်တော်ကြီး ခံပြင်းဒေါသ အံကြိတ်ပြီး ခံပြင်းဒေါသထွက်ရတယ်ပေါ့လေ။ တကယ့်တကယ်က ဒီလိုလုပ်ရပ်တွေက PDF မှမဟုတ်ဘူး။ သာမာန်ပြည်သူပဲဖြစ်ဖြစ် ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် လူ့ဘောင် လူ့ကျင့်ဝတ်မှာ တော်တော်ကြီးကို အောက်တန်း
ကျ စုတ်ပဲ့တဲ့ လုပ်ရပ်လို့ပဲပြောရမှာပေါ့။အသက်မဲ့ပြီးသားဖြစ်တဲ့ အုတ်ဂူတွေကို ဒီလိုလုပ်တယ်ဆိုတာကတော်တော်ကြီးကိုအောက်တန်းကျတဲ့လုပ်ရပ်ဖြစ်တာပေါ့။ ကျွန်တော်ပြောချင်တာတစ်ခုကတော့ ကျွန်တော်တို့ဒီအုတ်ဂူ ရဲဘော်တွေရဲ့အုတ်ဂူကိုသာ ဖျက်ဆီးလို့ရမယ်။ကျွန်တော်တို့ရဲ့တော်လှန်စိတ်တွေကျွန်တော်တို့ တော်လှန်ရေးရှေ့ဆက်သွားမှာဖြစ်တယ်။ ကျွန်တော်တို့ရဲ့တော်လှန်ချင်တဲ့စိတ်တွေကတော့ သူတို့ ဘာမှ ဖျက်ဆီးလို့ရမှာမဟုတ်ဘူး။” လို့ပြောပါတယ် ။
စစ်တပ်အတွက်ဝါဒဖြန့်ပေးနေတဲ့ ကျော်စိုးဦးရဲ့အခုလုပ်ရပ်က တော်လှန်ရေး ရဲဘော်တွေကိုပိုမိုဒေါသထွက်စေသလို ၊တဖက်နဲ့ တဖက် ပိုနာကျည်းမုန်းတီးအောင် လုပ်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့လည်းသူကပြောပါတယ် ။
စဥ့်ကူးနယ်မှာ PDF တွေရဲ့ အုတ်ဂူတွေနဲ့ ဗီမာန် ကို စစ်တပ် ၊ပျူစောထီးနဲ့ စစ်တပ်လက်အောက်ခံတွေကဖျက်ဆီးခဲ့တဲ့အပေါ် တော်လှန်ရေးရဲဘော်တဦးက လည်း”တော်လှန်ရေးစိတ်ဓာတ်ကဂူမှာရှိတာမဟုတ်ဘူး၊မပြီးသေးတဲ့အရာကိုပြီးဆုံးသယောင်လှပလို့မရဘူးဆိုတာသက်သေပြတာပါ။ရှေ့ဆက်တက်လှမ်းဖို့၊ပိုပြီးတော်လှန်ရေးဆင်းရဲဒဏ်ကိုခံနိုင်းဖို့အတွက်သင်ခန်းစားတစ်ခုပါ။ဒီပွဲမှာမနိုင်လို့မရဘူးဆိုတာသင်ခန်းစာပါ။ကိုယ့်ကိုကိုယ်ညှာလို့မရဘူးဆိုတာကိုတော်လှန်ရေးကသင်ခန်း
စာပေးနေတာပါ။ရှေ့ဆက်ဖို့အတွက်အားယူပြီးသန်မာနေမှရမယ်”လို့ မှတ်ချက်ပြုပါတယ် ။
ဗိုလ်လကျ်ာက “ဒီကောင်တွေလည်း အချိန်တန်ရင်ပြန်ပေးဆပ်ရပါလိမ့်မယ်။ သူတို့လုပ်ခဲ့တဲ့ ပြည်သူကို ဗုံးကြဲသတ်ဖြတ်တာတွေ နောက်တစ်ခုက အ
ကြမ်းဖက်လုပ်ရပ်တွေကတစ်ချိန်ချိန်မှာသေချာ
ပေါက်ကို ကျွန်တော်ပြောနိုင်တယ်ဗျာ ၁၀၀ ရာ
ခိုင်နှုန်း သေချာပေါက်ပြန်ပေးဆပ်ရလိမ့်မယ်။ အဲဒီ့အချိန်ကျမှ အဲဒီလိုမျက်နှာမျိုးတွေနဲ့နေနိုင်ကြပါစေ” လို့ ဆက်ပြောပါတယ် ။
(PDF အုတ်ဂူပေါ် ဖိနပ်တင်ပြီး တမင်ကြိုးစည်းပြခဲ့တဲ့ကျော်စိုးဦး ။ဓါတ်ပုံ-စစ်ကောင်စီ)