ပုပ္ပါးတောင်အနီးရှိ တရုတ်ဂက်စ်ပိုင်းစောင့် စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက် ခိုက်မှု စစ်သား ၈ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၉
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်အနီးရှိ တရုတ်ဂက်စ်ပိုက်လိုင်းစောင့် စစ်တပ် စခန်းတစ်ခုကို တော် လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ ကျောက်ပန်းတောင်မြို့နယ်၊ ရွှေစီတိုင်းရွာ၊ ပုပ္ပါး-တောင်ဇင်းလမ်းမ၊ ဗျတ္တ ပန်းဆက်လမ်းမပေါ်ရှိ အင် အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော တရုတ်ဂက်စ်ပိုင်းစောင့် စခန်းကို တော် လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။
“တိုက်ခိုက်ခံရတာမှန်ပါတယ်။ အနီးကပ် ကားနဲ့ ရပ်ပစ်သွားတာလို့ သိရတယ်။ ပုပ္ပါးတောင် ပေါ်သွား တဲ့ ပုပ္ပါး -တောင်ဇင်းလမ်းမပေါ်က ဗျတ္တပန်း ဆက်လမ်းမပေါ်မှာရှိတာ၊ အဲဒီစခန်းက လမ်းဘေးကပ် ရပ်ပဲ။ ၂ ယောက်ကနေရာမှာတင်သေတယ်၊ ကျန်တဲ့သူတွေက မိတ္ထီလာဆေးရုံရောက်မှ သေတာ၊ စုစုပေါင်း ၈ ယောက်သေတယ်။” ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်တော်လှန်ရေးအဖွဲ့က လုပ်ဆောင်သွားသည်ကို မသိရှိရသေးပေ။
၂၀၂၃ ခုနှစ် မေလအတွင်း ကလည်း ယင်းဂက်စ်ပိုက်စောင့် စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသေးကြောင်း သိရသည်။
ဓာတ်ပုံ- ယခုနှစ် မေလ ၁၅ ရက်နေ့ နွားထိုးကြီးမြို့နယ် ၊ ထန်းဇင်ရွာရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် စစ်တပ်စခန်းနှင့် ဂတ်စ်တွန်းစက်စခန်းကို တော်လှန် ရေးတပ်များက တိုက် ခိုက်သိမ်းပိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)