🟢လားရှိုးမြို့ နေရာ ၃ ခုထက်မနည်းမှာ ဗုံးပေါက်ကွဲမှုဖြစ်၊ လူထိခိုက်မှုရှိနိုင်

🟢လားရှိုးမြို့ နေရာ ၃ ခုထက်မနည်းမှာ ဗုံးပေါက်ကွဲမှုဖြစ်၊ လူထိခိုက်မှုရှိနိုင်

မိုင်းရူပ၊ ဒီဇင်ဘာ ၂၁ ရက်၊ လားရှိုး
ဒီနေ့ ဒီဇင်ဘာ ၂၁ ရက် ညနေ ၅ နာဝန်းကျင်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်း​မြောက် လားရှိုးမြို့ရှိ နေရာ ၃ ခုထက်မနည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုရှိနိုင်တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမြို့ ရပ်ကွက်- ၅ ရုံးနဲ့ ရပ်ကွက်- ၂ ရုံးတွေအပြင် ရပ်ကွက်- ၁၂ ရှိ လူနေထူထပ်တဲ့နေရာမှာ ဗုံး ၃ လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
” ရပ်ကွက် ၂ နားတော့ လူမထိဘူးကြားတယ်။ ရပ်ကွက်- ၁၂ မှာတော့ လူများနေရာမှာ ပေါက်ကွဲတာ။ အထိအခိုက်တော့ မသိရသေးဘူး” လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီဗုံးပေါက်ကွဲမှု စစ်ကောင်စီရွေးကောက်ပွဲမှာ မပါဝင်
ဖို့ သတိပေးတာဖြစ်နိုင်လို့ ၎င်းက ဆက်ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာတွေကို စစ်ကောင်စီနဲ့၎င်းရဲ့ လက်အောက်ခံရဲတပ်ဖွဲ့တွေက လာရောက်စစ်
ဆေးနေပြီး မပေါက်ကွဲသေးတဲ့ ဗုံးတွေလည်းရှိနေသေးတယ်လို့ ဆိုပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းဖို့ ပြင်ဆင်နေပြီး တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မပါဝင်ဖို့ သတိပေးထားပါတယ်။