အောက်ကြည့်မြင်တိုင်လမ်းပေါ်မှာ Probox တစ်စီးမီးလောင်
ဒီဇင်ဘာ-၁၂၊ ၂၀၂၅။ ရောင်နီ/People’s Spring
ရန်ကုန်မြို့ အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်းပေါ်မှာ အငှားယာဉ် Probox တစ်စီးမီးလောင်မှုဖြစ်ခဲ့ပါတယ်။
ဒီနေ့ နေ့လယ် ၂ နာရီလောက်မှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး ကားက မိနစ်ပိုင်းအတွင်းမှာ တစ်စီးလုံးလောင်ကျွမ်းသွားခဲ့တာပါ။
ယာဉ်မောင်းက မီးစလောင်တဲ့ အချိန်မှာ ကားပေါ်က ဆင်းနိုင်ခဲ့ပြီး ဘေးနားမှာ ရပ်ထားတဲ့ ကားကတော့ မီးလောင်တဲ့ကားဘေးဘက်ခြမ်းပျက်စီးမှုတွေရှိခဲ့ပါတယ်။
မီးလောင်မှုကို အလုံမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်နဲ့ ရေသယ်ယာဉ်တစ်စီးစီ လာရောက်မီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်ချိန်ငါးမိနစ်ခန့်သာကြာမြင့်ခဲ့တယ်လို့ မီးသတ်ကထုတ်ပြန်ထားပါတယ်။
ကားမီးလောင်မှုကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုမှာတော့ မီးလောင်မှုကို ဒေသခံတွေကပဲ ရေပုံးတွေနဲ့ငြှိမ်းသတ်နေတာကိုတွေ့ရပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴