မုံရွာမြို့၊ ပြည်​ထောင်စုလမ်းတွင် စစ်သားများ လိုက်ပါလာသောကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်ဘက်​ရေးရာလုံခြုံ​ရေးဌာနမှူး G-2 ဗိုလ်မှူးကြီး တင်ကိုနှင့် ဗိုလ်ကြီး စိုးမင်းဦး အပါအဝင် ၁၀ ဦးသေဆုံး (ရုပ်/သံ)

မုံရွာမြို့၊ ပြည်​ထောင်စုလမ်းတွင် စစ်သားများ လိုက်ပါလာသောကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်ဘက်​ရေးရာလုံခြုံ​ရေးဌာနမှူး G-2 ဗိုလ်မှူးကြီး တင်ကိုနှင့် ဗိုလ်ကြီး စိုးမင်းဦး အပါအဝင် ၁၀ ဦးသေဆုံး (ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အတွင်း ပြည်​ထောင်စုလမ်းမ​ပေါ်တွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်ဘက်​ရေးရာလုံခြုံ​ရေးဌာနမှူး G-2 ဗိုလ်မှူးကြီး တင်ကိုနှင့် ဗိုလ်ကြီး စိုးမင်းဦး အပါအဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း Black Falcon အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၇ ရက်နေ့ ည ၈ နာရီခန့်တွင် မုံရွာမြို့ နမခ မှ စစ်ဘက်​ရေးရာလုံခြုံ​ရေးဌာနမှူး G-2 ဗိုလ်မှူးကြီး တင်ကို စစ်သက်တန်း ၄၉ နှစ်၊ မုံရွာမြို့​တော်ခန်းမမှ ၃ ပွင့် ဗိုလ်ကြီး စိုးမင်းဦး နှင့် မုံရွာမြို့ အမှတ် ၁ ရဲစခန်း ​စစ်​ကြော​ရေး အရာရှိ ၃ ပွင့် ဗိုလ်ကြီး ၁ ဦးတို့ လိုက်ပါသော ကား ၂ စီးကို မုံရွာမြို့ ပြည်ထောင်စု လမ်းမပေါ်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း G-2 ဗိုလ်မှူးကြီး တင်ကို ၊ ဗိုလ်ကြီး စိုးမင်းဦး နှင့် အမှတ် ၁ ရဲစခန်း ​စစ်​ကြော​ရေး အရာရှိ ၃ ပွင့် ဗိုလ်ကြီး ၁ ဦး အပါအဝင် ၇ ဦးသေဆုံးခဲ့ပြီး ကား ၁ စီး မီးလောင် ပျက်စီးခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ရှေ့ဆုံးကားတွင် လိုက်ပါလာသောယာဥ်​မောင်း ​မောင်ဇော် နှင့်​ စစ်သား ၂ ဦးသာ အသက်ရှင်ပြီး ​​ခြေ​ထောက်ဖြတ်​တောက်ဒဏ်ရာနှင့်​ ဂုတ်ကိုရှပ်မှန်​သော စိုးရိမ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဘိုးဘွားရိပ်သာ ဝိုင်းပတ်အနီးမှ​ စစ်တပ်ကင်းနှင့် ပြည်​ထောင်စု အင်းဖြတ်လမ်းအနီးမှ စစ်တပ်ကင်းပုန်းများက နှစ်ဖက်ညှပ်ကာ ပြန်လည် ဝိုင်းဝန်းပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားရာ​နေရာကို အ​ရေး​ပေါ်ကား ၁ စီး နှင့်​ စစ်ကူထွက်လာ​သောအိမ်စီးကား ၂၈ စီး ၊ သံပြားကား (၁၀) စီး ၊ ရဲကားကြီး ၂ စီး ၊ ပွုင့်ကား စီး ၊ ပွိုင့် ၅ ပါကား ၂ စီး ၊ နမခမှ ပါရာမိုရာစက်တပ်​လေထီး ၁ စီးအပါအဝင် မအူဂိတ်နှင့်​ တောရ​ကျောင်းဂိတ်မှ လက်နက်ကြီး ပစ်ကူ​များပေးကာခုခံခဲ့ကြောင်း သိရသည်။
ထို့နောက် တော်လှန်ရေး ရဲဘော်များက မုံရွာမြို့ ​ရေဦးဆန်ဆိုင်ဂိတ်ကိုလည်း ထပ်မံ ဝင်​ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
” ဒီတိုက်ခိုက်မှုမှာ G-2 လိုက်ပါလာတဲ့ ကားမီးလောင် ပျက်စီးသွားတယ်။ သေဆုံးတာက G2 ဗိုလ်မှူးကြီးတင်ကို သူက စစ်သက်တမ်း ၄၆ နှစ်ရှိပြီး စစ်ဘက်​ရေးရာလုံခြုံ​ရေးဌာနမှူးက ဆက်သွယ်​ရေး စက်အ​ခေါ် ​(တောင်ကြီး)လို့သိရတယ်။ နောက်ပြီး မုံရွာမြို့တော်ခန်းမက ၃ ပွင့်ဗိုလ် စိုးမင်းဦး နဲ့ မုံရွာမြိုအမှတ် ၁ ရဲစခန်း ​စစ်​ကြော​ရေးအရာရှိ ၃ ပွင့်ဗိုလ်ကြီး ၁ ကောင် အပါအဝင် ၁၀ ဦးသေဆုံးတယ်။ ကျနော်တို့ မုံရွာမြို့အတွင်း ပြည်ထောင်စုလမ်းပေါ်ထိ တက်ပြီး တိုက်ခိုက်ခဲ့တာပါ။ ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Black Falcon အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။
အဆိုပါ တိုက်ခိုက်မှုကို Black Falcon ၊ Democratic Local Coalition ​ (DLC) ၊ BLDF စစ်​ဒေသ ( ၂ ) ၊ PLA ၊ Three Star ၊ ​သွေး​သောက်ညီကို​တော်လှန်​ရေးတပ်ဖွဲ ၊ ဘာမထီ​တော်လှန်​ရေးတပ်ဖွဲ ၊ Mon Ywa Undergrown Force ၊ Moe Hein Defense Force ၊ Liger Three ၊ Mon Yaw Brother Attack Force နှင့် Golden Eagle အဖွဲ့တို့က ပူး​ပေါင်းလုပ်​ဆောင်ခဲ့ကြောင်း သိရသည်။