အသံတိတ်သပိတ်နှိုးဆော်တဲ့အနေနဲ့ မြောက်ဥက္ကလာပမြို့နယ်ခန်းမကို မြို့ပြကြွက်တိုက်ခိုက်

အသံတိတ်သပိတ်နှိုးဆော်တဲ့အနေနဲ့ မြောက်ဥက္ကလာပမြို့နယ်ခန်းမကို မြို့ပြကြွက်တိုက်ခိုက်
ဒီဇင်ဘာ-၇၊၂၀၂၅။သတိုး/People’s Spring
တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်မယ့် အသံတိတ်သပိတ်ကို နှိုးဆော်တဲ့အနေနဲ့ ‌ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ခန်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်လုပ်မိုင်းတွေ၊ လက်
ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
“ရခ နှစ်ကောင်တော့ မြောက်ဥက္ကလာဆေးရုံမှာ တင်ထားရတယ်လို့သိရပါတယ်”လို့ ပြောပါတယ်။
အဲဒီစစ်ဆင်ရေးကို ဒီဇင်ဘာ ၆ ရက်ည ၁၀နာရီခွဲခန့်မှာ မြောက်ဥက္ကာပ မြို့နယ်ခန်းမကို လက်လုပ်မိုင်းတွေ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ဝာာလို့ မြို့ပြကြွက်အဖွဲ့ကအသိပေးထားပါတယ်။
ဒီနေ့ (ဒီဇင်ဘာ၇ )မှာတော့ စစ်ဆင်ရေးလုပ်‌
ဆောင်ခဲ့တဲ့ မြောက်ဥက္ကလာပမြို့နယ်ခန်းမနားမှာ စစ်ကောင်စီတပ်က စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“ပြည်သူတွေက အသံတိတ်သပိတ်ပါဝင်ပေး ၊ ကြွက်ကလေးတွေကလည်း အသံများများထွက်နိုင်အောင် ကြိုးစားပါ့မယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ ရွေး
ကောက်ပွဲ နဲ့ပတ်သက်ပြီး ဖိအားပေးလုပ်ဆောင်တာတွေရှိရင် မြို့ပြကြွက်ရဲ့ ပေ့ခ်ျကိုလာရောက်အသိပေးနိုင်တယ်လို့ အသိပေးထားပါတယ်။
ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ နံနက် ၁၀နာရီက ညနေ ၃ နာရီအထိ အသံတိတ်သပိတ်ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားတာပါ။
(မြောက်ဥက္ကလာပမြို့နယ်ခန်းမကို တွေ့ရစဉ်။ ဓာတ်ပုံ – မြို့ပြကြွက်)