တောင်ငူလေတပ်စခန်းဌာနချုပ်၏ လေကြောင်းထိန်းသိမ်းရေး မျှော်စင်နှင့် Jammer တာဝါတိုင်ကို FPV ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

တောင်ငူလေတပ်စခန်းဌာနချုပ်၏ လေကြောင်းထိန်းသိမ်းရေး မျှော်စင်နှင့် Jammer တာဝါတိုင်ကို FPV ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၅

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ တောင်ငူလေတပ်စခန်းဌာနချုပ်၏ လေကြောင်းထိန်းသိမ်းရေး မျှော်စင်နှင့် Jammer တာဝါတိုင်ကို FPV ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့ မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် တော်လှန်ရေးတပ်များက တောင်ငူလေတပ်စခန်းဌာနချုပ်အတွင်းသို့ Anti-jamming FPV Drone များလွှတ်တင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဓိက အားဖြင့် လေတပ်၏ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နှင့် Jammer တာဝါတိုင်ကို အတိအကျ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
“တောင်ငူလေတပ် လေကြောင်းထိန်းသိမ်းရေးမျှော်စင် နဲ့ Jammer တာဝါတိုင်တွေကို အတိ အကျတိုက်ခိုက်ခဲ့တာပါ။ လေကြောင်းကာကွယ် ရေးအဆင့်ဆင့်ကို ကျော်ဖြတ်ပြီး လေတပ်ဝင်းထဲကို Anti-jamming FPV Drone တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ” ဟု ဝရဇိန်တပ်ဖွဲ့ မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။
အဆိုပါစစ်ဆင်ရေးကို ဝရဇိန် တပ်ဖွဲ့က ဦးဆောင်၍ သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဖိုက်တာ ဆားခဲတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
၀ရန်ဇိန်တပ်ဖွဲ့အနေဖြင့် စစ်ဆင်ရေးသတင်းများကို ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော https://www.facebook.com/profile.php?id=61556026772715 မှတစ်ဆင့် အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။