◾️အမေရိကန်သို့ မူးယစ်မှောင်ခိုသွင်းသူ မည်သည့်နိုင်ငံကိုမဆို တိုက်ခိုက်မည်ဟု ထရန့်ပြောကြား.
.
အမေရိကန်ပြည်ထောင်စုအတွင်းသို့ တရားမဝင် မူးယစ်ဆေးဝါးများ မှောင်ခိုပို့ဆောင်သောမည်သည့်နိုင်ငံမဆို စစ်ရေးအရ တိုက်ခိုက်ခံရနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကဒီဇင်ဘာ ၂ ရက်တွင် သတိပေးလိုက်သည်။
အမေရိကန် ပြည်ထောင်စုတွင်းသို့တရားမဝင် မူးယစ်ဆေးဝါးများ တင်သွင်းရောင်းချနေသည့် မည်သူ့ကိုမဆို စစ်ရေးအရ တိုက်ခိုက်ရနိုင်ကြောင်းအိမ်ဖြူတော်၌ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် သမ္မတဒေါ်နယ်ထရန့်ကသတင်းထောက်များကို ပြောကြားခဲ့သည်။
ကိုလံဘီယာနိုင်ငံမှ ကိုကင်းမူးယစ်ဆေးဝါးများ ဝင်ရောက်မှုပြဿနာနှင့် ပတ်သက်၍ သတင်း
ထောက်များ၏ မေးခွန်းကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အထက်ပါအတိုင်း တုံ့ပြန်ဖြေ
ကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန်အစိုးရသည် ကာရစ်ဘီယံဒေသနှင့် ပစိဖိတ်ဒေသတို့၌ ပြီးခဲ့သည့်လများအတွင်း
မူးယစ်ဆေးဝါးတင်ရေယာဉ်အဖြစ် ယူဆရသောရေယာဉ်များကို တိုက်ခိုက်ခဲ့ရာ လူအများအပြား
သေဆုံးခဲ့ရသည်။
ယင်းအပြင် အမေရိကန်ပြည်ထောင်စုအနေဖြင့် တရားမဝင် မူးယစ်ဆေးဝါးများအား အမေရိကန်သို့ တရားမဝင် ပို့ဆောင်နေပါက ဗင်နီဇွဲလားနိုင်ငံကိုသာမဟုတ် မည်သည့်နိုင်ငံကိုမဆို စစ်ရေး
အရ တိုက်ခိုက်မည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့် က ပြောကြားခဲ့သည်။
ကိုလံဘီယာနိုင်ငံအနေဖြင့် ကိုကင်းမူးယစ်ဆေးဝါးများ ထုတ်လုပ်၍ အမေရိကန်ပြည်ထောင်စု
သို့ တင်ပို့နေကြောင်း သမ္မတဒေါ်နယ်ထရန့်က စွပ်စွဲထားသည်။
ယင်းအပြင် ဗင်နီဇွဲလားသမ္မတ မာဒူရိုသည်လည်း မူးယစ်ဆေးဝါးလုပ်ငန်းများ၌ ပါဝင်ပတ်သက်
နေကြောင်း ဒေါ်နယ်ထရန့်က စွပ်စွဲထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း