ပျူစောထီးသီတာယုမွန်အဖွဲ့သားတွေရဲ့ကား တိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး၊ လက်နက်ခဲယမ်းတွေ သိမ်းရ

ပျူစောထီးသီတာယုမွန်အဖွဲ့သားတွေရဲ့ကား တိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး၊ လက်နက်ခဲယမ်းတွေ သိမ်းရ
နိုဝင်ဘာ-၃၀၊ ၂၀၂၅ ​

သီတာယုမွန် ပျူအဖွဲ့ စီးနင်းလာသည့်ကား တိုက်ခိုက်ခံရပြီး ကားပေါ်ပါသည့် ၅ဦးလုံး သေ (ရုပ်/သံ)
နိုဝင်ဘာ ၃၀၊ ၂၀၂၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်ရဲ့ အဖွဲ့သားတွေ စီးနင်းလာတဲ့ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပ.က.ဖ) ထံက သိရပါတယ်။
နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက ပျူစောထီးတွေ စီးနင်းလာတဲ့ကားကို ရဲဘော်ဒီးနဲ့ ရဲဘော် ဓာတ်ဗူး ဦးဆောင်တဲ့ ရဲဘော် ၁၀ ယောက်တပ်ဖွဲ့က ညောင်ဦး-မြင်းခြံလမ်းပိုင်းတစ်နေရာအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ် ။
“အပြန်အလှန် ပစ်ခတ်မှု မရှိဘူးဗျ။ အားလုံး နေရာတင်သေတာ၊ ကားပေါ်ပါလာသမျှ အမျိုးသမီး ပျူ ၄ဦး၊ အမျိုးသား ၁ဦး အကုန်သေတာဗျ။ သူတို့က တစ်မိုက်သာဂိတ်ကနေ ကင်းပတ်တာဗျ” လို့ ပခုက္ကူမြို့နယ် ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက မောင်းကို ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ကားပေါ်ပါတဲ့ ပျူ ၅‌ ယောက်လုံး သေဆုံးပြီး G4 သေနတ် ၁လက်၊ ကာဘိုင် ၂လက်နဲ့ ကျည်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။
Video-ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)

မန္တလေးတိုင်း၊ ညောင်ဦး-မြင်းခြံလမ်းပိုင်းမှာ မြင်းခြံမြို့က ပျုစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့အဖွဲ့သားတွေ လိုက်ပါလာတဲ့ကား တိုက်ခိုက်ခံရပြီး ၅ဦးသေဆုံးကာ လက်နက် ၃လက်နဲ့ ခဲယမ်းတွေတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။
နိုဝင်ဘာ ၂၉ ရက် မနေ့က မနက် ၁၁နာရီခန့်က သီတာယုမွန်ရဲ့ အဖွဲ့သားတွေ စီးနင်းလိုက်ပါလာတဲ့ကားကို ညောင်ဦး-မြင်းခြံလမ်းပိုင်းတနေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ကားပေါ်ပါ စစ်အုပ်စုဝင် အမျိုးသမီးတပ်သား ၄ဦး၊ အမျိုးသားတပ်သား ၁ဦး စုစုပေါင်း ၅ဦးလုံးသေဆုံးပြီး G4သေနတ် တစ်လက်၊ကာဘိုင် နှစ်လက်နဲ့ ကျည်အများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း ရဲဘော်မှိုင်းက ပြောပါတယ်။
“သီတာယုမွန်မပါဘူး။ သူ့လက်ပါးစေတွေပဲ ပါတာ။ ကားပေါ်ပါအကုန်သေတာ။ ပုံမှန်ဆို ညောင်ဦး-မြင်းခြံလမ်းက သူတို့အားကောင်းတယ်။ သူတို့ လမ်းလို့ကိုပြောလို့ရတယ်”လို့ ၎င်းက ပြောပါတယ်။
ညောင်ဦး-မြင်းခြံလမ်းပိုင်းဟာ ပျူစောထီးတွေအားကောင်းတဲ့ဒေသဖြစ်တဲ့ကြားက တိုက်ခိုက်ခံလိုက်ရတာဖြစ်ကြောင်း ဒေသခံအချို့က ပြောပါတယ်။
အဲဒီစစ်ဆင်ရေးကို Pakokku Special Task Force ပခုက္ကူမြို့နယ် တပ်ရင်း(၁)ပကဖမှ ရဲဘော်ဒီးနှင့်ရဲဘော် ဓာတ်​ဗူး ဦးဆောင်တဲ့ ရဲဘော် (၁၀)ယောက်ကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
(တိုက်ခိုက်မှုမှာ သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းနဲ့ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Pakokku Special Task Force)