ခင်ဦးမှာစစ်​ကြောင်းပျက်သွားတဲ့ စစ်သား​တွေရဲ့အလောင်းတွေ​တော်လှန်​ရေးတပ်​တွေကမီးရှို့ပြီးနယ်မြေရှင်းလင်း ■စစ်သားအ​လောင်း သုံးဆယ်ဝန်းကျင်ကိုမီးရှို့​ပေးခဲ့ရဟု​ပြော

ခင်ဦးမှာစစ်​ကြောင်းပျက်သွားတဲ့ စစ်သား​တွေရဲ့အလောင်းတွေ​တော်လှန်​ရေးတပ်​တွေကမီးရှို့ပြီးနယ်မြေရှင်းလင်း
■စစ်သားအ​လောင်း သုံးဆယ်ဝန်းကျင်ကိုမီးရှို့​ပေးခဲ့ရဟု​ပြော
နိုဝင်ဘာ-၂၈၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေကို မီးရှို့သင်္ဂြိုဟ်ပြီး နယ်
မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တယ်လို့ ခင်းဦး
ပကဖက ဒီကနေ့(နိုဝင်ဘာ ၂၈ရက်)ထုတ်ပြန်ပါတယ်။
ခင်ဦးမြို့နယ် မုံလှကျေးရွာမှာ အထိုင်ချတပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တိုက်ပွဲတွေအပြီး မနေ့က(နိုဝင်ဘာ ၂၇ ရက်) ညနေပိုင်းမှာ မုံလှ – ပင်စိမ်းကင်း – ကျီစု – အောင်သာယာ – ကာဘိုးလမ်းကြောင်းအတိုင်း တိတ်တဆိတ် ဆုတ်
ခွာသွားကြတယ်လို့ သိရပါတယ်။
ဒီကနေ့(နိုဝင်ဘာ ၂၈ ရက်)မှာ တော်လှန်ရေးအင်အားစုတွေက တိုက်ပွဲဖြစ်ရာနေရာကို နယ်မြေရှင်းလင်းရေးသွားရောက် ဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ အလောင်းတွေကို မြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက သင်္ဂြိုဟ်ခဲ့ရတယ်လို့ အသိပေးပါတယ်။
“ဒီနေ့က ခြောက်ရက်မြောက်နေ့ဖြစ်သွားတယ်။စစ်ကောင်စီရဲ့အလောင်းတွေက ပေါက်ထွက်၊ပွင့်ထွက်တဲ့အနေအထားရှိတယ်။အနံ့အသက်တွေက လူတိုင်းမဝင်နိုင်တဲ့အနေအထားပါဖြစ်တယ်။ကျွန်တော်တိို့ဆို နှားခေါင်းစည်း က နှစ်ခု သုံးခုလောက်တပ်ရတယ်။ဒါတောင်မဝင်နိုင်ဘူး။ကွင်းကြီးထဲမှာ ဝင်နိုင်တဲ့ရဲဘော်တွေက လုပ်ရတယ်။ဒါတောင် ဒီဇယ်/ဓာတ်ဆီဗူးတွေ၊ တာယာကွင်းတွေ ၊ မီးစာတုတ်တွေ၊ ညော်နံ့တွေ နဲ့အလောင်းတွေက ထွက်တဲ့အနံ့သက်ဆိုးတွေရယ်။နောက်တခုက သူတို့ရဲ့ ဘော်ဒီတွေမှာကျန်ခဲ့တဲ့ကျည်ခဲယမ်းအကြွင်းအ
ကျန်တွေက မီးရှို့ရင်းနဲ့ ထပေါက်တယ်။အန္တရာယ်တော့များတာပေါ့။ဒါကြောင့်ဘော်ဒီအတိအကျ စာရင်းမယူနိုင်ဘူး”လို့ခင်ဦး ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ဒါပေမယ့် အကြမ်းဖျင်းတွေ့ရှိမီးရှိူ့ခဲ့ချက်အရ ရုပ်အလောင်း ၃၀ ဝန်းကျင် ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
မီးရှို့တဲ့ ရုပ်အလောင်းတွေထဲမှာ ဗိုလ်ကြီးအဆင့်တွေနဲ့ တပ်သားတွေအများဆုံးဖြစ်တယ်လို့လည်း အတည်ပြုပါတယ်။
နိုဝင်ဘာဒုတိယပတ်ကစပြီး ကန့်ဘလူ​မြို့နယ်ဘက်ကနေ စစ်ကောင်စီတပ်က အင်အား ၃၀၀ ဝန်းကျင်နဲ့ ခင်ဦးမြို့ရဲ့အနောက်မြောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းဟာ မုံလှကျေးရွာမှာလေးရက်အကြာယာယီတပ်အထိုင်ချပြီး ပျဥ်ထောင် (ပျူစောထီးရွာ)ကို ထွက်လာတဲ့နိုဝင်ဘာ ၂၃ ရက်မှာ တော်
လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းမှာ ကန့်ဘလူနယ်က နည်းဗျူဟာ (၃၃၂) ၊ ခမရ
(၁၁၁)တပ်ရင်း၊ ကန့်ဘလူနယ်က ပျူစောထီး စုစုပေါင်း ခန့်မှန်းအင်အား ၁၈၀ ဝန်းကျင်ရှိ ပါတယ်။
“အတုန်းအရုန်းသေဆုံးတာတွေကို စစ်ကောင်စီက လျစ်လျူရှုတာက အထူးအဆန်းမဟုတ်ဘူး။ခင်ဦးထဲ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ ဒုဗိုလ်မှူးကြီးအဆင့်ပါ သေဆုံးတယ်။အဲဒါကိုတောင် ထားခဲ့တာလေ။ကိုယ်လွတ်ရုန်းကြတာ။ကျန်ခဲ့တဲ့သူ ဘယ်သူသေသေပေါ့။ပြောစရာစကားလုံးတောင်မရှိဘူး”လို့ ခင်ဦး ပကဖ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကြောင်း တစ်ကြောင်းလုံး တပ်ပျက်ကာ၊ ရုပ်အလောင်းတွေ ချန်ထားခဲ့ပြီးကစဥ့်ကလျား ဆုတ်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ မုံလှရွာကို ထွက်ပြေးသွားခဲ့ရပါတယ်။ထိတွေ့ တိုက်ပွဲအတွင်းမှာ စစ်တပ်ထံကလက်နက် အလက် ၃၀
ကျော်နဲ့ ခဲယမ်းတွေရရှိခဲ့ပါတယ်။
“ပထမစစ်ကြောင်းက ခင်ဦး ရှားတောကိုရောက်တယ်။အဲဒီစစ်ကြောင်းက ကန့်ဘလူဘက်မှာဆိုတော့ ကန့်ဘလူ ခင်ဦးအဖွဲ့တွေပူးပေါင်းတိုက်တယ်။တပ်ပျက်သွားတယ်။တပ်ပြုတ်တယ်ပေါ့။နေရာကိုပြောင်းပြီး မုံလှဘက်ကနေ ပြောင်းထိုးတယ်။ပျဥ်ထောင်ကိုသွားမှာ။ဒါပေမယ့် အဲဒီမှာလည်း ပြုတ်တယ်။ဒါကြောင့် တပ်က ဖရို ဖရဲ ရှေ့မှာလည်းနောက်မှာလည်းပျက်တယ်။အဲဒါကြောင့် ကာဘိုးဘက်ကနေ လာခေါ်ပြီး ဆုတ်သွားရတာလို့ ကန့်ဘလူ ဘက်ကို စစ်ကောင်စီစစ်ကြောင်းပြန်ဆုတ်ရတဲ့အခြေအနေကို ခင်ဦးပကဖ တာဝန်ခံက ရှင်းပြပါတယ်။
ဒ့အပြင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးခဲ့တာကြောင့် ခင်ဦးမြို့နယ်က ကျေးရွာ ၂၀ ကျော်မှာရှိတဲ့ ပြည်သူ တစ်သောင်းကျော်ဟာ စစ်ဘေးရှောင်နေရပြီး ရာသီဥတု အအေးဒဏ်၊စားဝတ်နေရေးနဲ့ အခြားအခက်အခဲတွေ ရှိနေတယ်လို့ ခင်ဦး​မြို့နယ် စစ်ရှောင်အရေးကူညီသူတွေကအသိပေးပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်စစ်ကြောင်းပြန်ဆုတ်သွားပေမယ့် ကျေးရွာတွေအတွင်း အ
လျင်စလို မဝင်ရောက်ဖို့နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ လမ်းညွှန်မှုတွေအတိုင်း ဝင်ရောက်ဖို့ တိုက်
တွန်းထားပါတယ်။
(စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်အလောင်းတွေကို မီးရှို့သင်္ဂြိုဟ်ပြီး နယ်မြေရှင်းလင်းနေစဉ်။ ဓာတ်ပုံ – ခင်ဦး ပကဖ)