လေးမျက်နှာမြို့နယ်က စစ်တပ်စခန်းအချို့ AAနဲ့ ပူးပေါင်းတပ်တွေ ထပ်မံသိမ်းပိုက်

လေးမျက်နှာမြို့နယ်က စစ်တပ်စခန်းအချို့
AAနဲ့ ပူးပေါင်းတပ်တွေ ထပ်မံသိမ်းပိုက်
နိုဝင်ဘာ-၂၆၊၂၀၂၅။မိထက်/People’s Spring
တိုက်ပွဲတွေပြင်းထန်နေတဲ့ ဧရာဝတီတိုင်းလေး
မျက်နှာမြို့နယ်က စစ်တပ်စခန်းတချို့ကို အာရက္ခတပ်တော်(AA)နဲ့ ပူး‌ပေါင်းတပ်တွေက ထပ်မံသိမ်းလိုက်ပြီး စစ်တပ်ကလေကြောင်းကနေဗုံးကြဲနေပါတယ်။
လေးမျက်နှာမြို့နယ်၊သဲနုကုန်းရွာပတ်ဝန်းကျင်က စစ်ကောင်စီရှေ့တန်းစခန်းတချို့ကို AAနဲ့ ပူး‌
ပေါင်းတပ်တွေက သိမ်းယူလိုက်တာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ဒီကနေ့ (နိုဝင်ဘာ
လ၂၆ရက်) မနက်ပိုင်းမှာ ပြောပါတယ်။
“ရွာနားက တိုက်ပွဲတော်တော်ပြင်းထန်တယ်။မုံရွာ
-ပုသိမ်လမ်းပိုင်းနားမှာလည်းချတယ်။ စစ်တပ်ကကျတော့် လေကြောင်းကနေ ညဘက်တွေဆို ဗုံး
ကြဲပြီ။လက်နက်ကြီးကတော့ခဏခဏပစ်တယ်”
လို့ ပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲမှာစစ်တပ်ထိခိုက်သေ
ဆုံးမှုတွေများပြားနေပြီးဂျက်ဖိုက်တာအပြင် စက်
တက်လေထီး၊ဒရုန်းတွေနဲ့ ဗုံးကြဲနေတယ်လို့ တော်
လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။ ညနက်ပိုင်းတွေမှာ လေကြောင်းကနေဗုံးကြဲလေ့ရှိပြီး လေးမျက်နှာမြို့နယ်ဘက်ကိုဦးတည်ပျံတဲ့ ဂျက်
ဖိုက်တာအသံကို ဇလွန်၊ ဟင်္သာတမြို့မြို့နယ်တွေကနေ ညတိုင်းကြား​နေရတယ်လို့ ဒေသခံ​တွေကပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသက ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာမှာနေထိုင်ကြဖို့၊ တိုက်ပွဲဖြစ်နေတဲ့ရွာတွေဘက်ကို မလာကြဖို့လည်း တော်လှန်
ရေးအင်အားစုတွေကတော့ သတိပေးထားကြပါတယ်။
လေးမျက်နှာမြို့နယ်ဟာဟင်္သာတခရိုင်၊ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်တပ်ရဲ့တန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)နဲ့လည်း မိုင်အနည်းငယ်သာဝေးပါတယ်။ အခုရက်ပိုင်းမှာ စစ်ကောင်စီက တတက(၅)ကို အင်အားအများအပြားဖြည့်းတင်းနေသလို အဲဒီကနေလက်နက်ကြီးတွေပစ်ခတ်မှု​တွေပိုမိုလုပ်​နေတယ်လို့ သိရပါတယ်။
စက်စက်ယိုကျေးရွာအပါအဝင်လေးမျက်နှာမြို့
နယ်ထဲက စစ်တပ်စခန်းတချို့ကို AA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့မတ်လကတိုက်ပွဲတွေမှာ သိမ်းယူခဲ့ပါ‌သေးတယ်။
တိုက်ပွဲတွေထဲမှာအထိနာနေတဲ့စစ်တပ်ကအရပ်
သားပြည်သူတွေရှိတဲ့ကျေးရွာတွေကို ပစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ၂၃ရက်နေ့က လေးမျက်
နှာမြို့နယ်၊ စပြင်ကျေးရွာကို စစ်တပ်က လေ
ကြောင်းကနေဗုံးကြဲလို့ အရပ်သား ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AYAPDF အမှတ်
၂၉ဗျူဟာက ထုတ်ပြန်ထားပါတယ်။
ဧရာဝတီတိုင်းထဲမှာ လေးမျက်နှာမြို့နယ်အပြင် ရေကြည်၊ သာပေါင်း၊ ရွှေသောင်ယံမြို့နယ်တွေမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ အဲဒီမြို့နယ်လေးခုဟာ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်တဲ့ဒေသတွေဖြစ်ပါတယ်။
လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ချင်းလယ်ရွာနဲ့ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အာရက္ခတပ်တော်(AA)က နိုဝင်ဘာလ၁၁ရက်နေ့ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပြီး နောက်ဆက်တွဲအခြေအနေကိုမထုတ်ပြန်သေးပါဘူး။ အဲဒီဒေသတွေမှာ တပ်မ (၆၆) လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ရှိနေတယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။
(အာရက္ခတပ်​တော် တပ်ဖွဲ့ဝင်​တွေ )