မြင်းခြံတွင် ၄ လကြာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး ဒရုန်း နှင့် အခြားခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)
ရန်ကုန်၊ နိုဝင်ဘာ ၂၆
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံ -နွားထိုးကြီးလမ်းမပေါ်တွင် ၄ လကြာတိုက်ပွဲအတွင်း စစ်တပ် ဘက်မှ ၁၀၀ ဝန်းကျင် ထိခိုက်သေဆုံးပြီး ဒရုန်းနှင့် အခြားခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။
ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံမြို့အခြေစိုက် ခမရ ၁၅ တပ်ရင်း၊ အကြမ်း ဖက်စစ်ကောင်စီ၏ နေပြည်တော် အထူး ရဲကွန်မန်ဒိုတပ်ဖွဲ့နှင့် မြင်းခြံမြို့ ပျူစောထီးခေါင်းဆောင် သီတာယုမွန်တို့အဖွဲ့ပူးပေါင်းကာ အင်အား အများအပြားဖြင့် မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းကို အဓိ က ဦးတည်ထား၍ စစ်ကြောင်း ထိုးလာခဲ့ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ဖမ်း ဆီးနှိပ်စက်သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့မှ တိုက်ခိုက်ချေမှုန်းခဲ့ရာ တိုက်ပွဲကြီးငယ်ပေါင်း အကြိမ် ၃၀ အထက်ဖြစ်ခဲ့ပြီး စစ်တပ်ဘက် မှ ၁၀၀ ဦးဝန်းကျင် ထိခိုက်သေဆုံးကာ ဒရုန်းနှင့်လက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်း ရရှိခဲ့ ကြောင်း သိရသည်။
“စခတွေဘက်က ထိခိုက်သေဆုံးမှုကတော့ အတိအကျ မသိဘူး။ ခန့်မှန်းခြေကတော့ ၁၀၀ ဝန်း ကျင် နားမှာရှိမယ်။ ၄ လအတွင်းမှာ စခတွေဘက်က လက်နက်ခဲယမ်းတွေရရှိထားတာရှိတယ်။ အရေအတွက်တော့ မသိရသေးဘူး။ ဒရုန်းနဲ့ လက်နက်ခဲယမ်းအချို့ရရှိထားတာရှိတယ်။ မီးရှို့တဲ့ ရွာကလည်း အတိအကျတော့ မသိရသေးဘူး။ မြင်းခြံခရိုင်ထဲမှာရှိတဲ့ ရွာတွေ တော်တော် များများ ကို မီးရှို့တယ်။ တိုက်ပွဲကြီးငယ်က အကြိမ် ၃၀ လောက်ရှိမယ်။ အဲဒီအထက်မှာပဲရှိမယ်။ ဒီ ထက် တော့ မနည်းဘူး” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန် ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။
အဆိုပါ စစ်ဆင်ရေး ၄ လအတွင်း Myingyan Black Tiger (MBT) တပ်ဖွဲနှင့်အတူ ဗိုလ်စားပြောက် ကျားတပ် ၊ မြင်းခြံခရိုင်တပ်ရင်းအချို့ နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း ပါဝင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့ ကြောင်း သိရသည်။
Myingyan Black Tiger (MBT)တပ်ဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပျက်ကျဆုံးရေးအ တွက် တိုင်းရင်းသား EROS များ၊ တောင်တန်း၊ မြေပြန့်မှ ညီကိုတပ်ဖွဲ့များနှင့်အတူ စစ်မျက်နှာပြင် များစွာကို ဖြန့်ကျက်ကာ တိုက်ပွဲဆင်နွှဲနေကြောင်း အသိပေးသည်။