တပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦး ကြီးမားတဲ့ ပြစ်မှုအမျိုးအစားကျူးလွန်ထားလို့ ဖမ်းဆီးအ
ရေးယူထားကြောင်း မန္တလေး PDF ထုတ်ပြန်
■စစ်ရေးဌာနကြီးမှူးကိုမုန်တိုင်း နဲ့ ဘဏ္ဍာရှာဖွေ
ရေးဌာနကြီးမှူးကိုနိုင်ကြီးတို့ဟာတန်ဖိုးကြီးတဲ့ တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့စည်းကမ်းချိုးဖောက်ထုတ်ယူပြီးပြန်မအပ်သေး၍ဖြစ်ဟုရှင်းလင်း
နိုဝင်ဘာ ၂၁၊ ၂၀၂၅။နေ့သစ်/People’s Spring



ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် (၂) ဦးဖြစ်သော ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နဲ့ ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ကို သာမန်စည်းကမ်းဖောက်ဖျက်မှုမဟုတ်တဲ့ ကြီးမားတဲ့ ပြစ်မှု အမျိုးအစား ကျူးလွန်ထားတာကြောင့် ဖမ်းဆီးအရေးယူထားကြောင်း မန္တလေးPDFက
ဒီကနေ့ ထုတ်ပြန်ပါတယ်။
သူတို့ နှစ်ဦးဟာ ကာလတန်ဖိုးကြီးမားတဲ့တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ကိုတပ်ရဲ့စည်းမျဉ်းစည်း
ကမ်းနဲ့ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ကာ တရားမဝင် ထုတ်ယူသွားခဲ့တာကြောင့် အပြစ်ရှိကြောင်း၊ ပြစ်ဒဏ်ခံရယူရမှာဖြစ်ကြောင်း ကာ
ယကံရှင်တွေကိုယ်တိုင် ပါဝင်တဲ့ ၂၀၂၅ ဩဂုတ်
လ ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင်ဘဏ္ဍာပစ္စည်းတွေကိုတပ်ထံသို့ အမြန်ဆုံး ပြန်
လည်အပ်နှံရမယ် ဆိုတာကို လည်း ဆုံးဖြတ်ခဲ့တယ်လို့ အသိပေးပါတယ်။
စက်တင်ဘာလမှာကျင်းပခဲ့တဲ့ တပ်မှူးများ (၆) လပတ်စုံညီအစည်းအဝေးမှာလည်း ဗဟိုဦးဆောင်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်တွေကို ထပ်လောင်းအတည်ပြုခဲ့ပေမယ့် တော်လှန်ရေးအခြေအနေအရလည်းကောင်း၊ ကာယကံရှင်နှစ်ဦးရဲ့ မေတ္တာရပ်ခံ တင်ပြချက်အရလည်းကောင်း၊ အခြားထောက်ရှုရမည့်အခြေအနေများအရလည်း
ကောင်း ပြစ်ဒဏ်များကို လက်တွေ့ ချမှတ်ခြင်း မပြုသေးဘဲယာယီဆိုင်းငံ့ခဲ့ကြောင်းဖော်ပြပါတယ်။
ဒါပေမဲ့ အခုအချိန်ထိ ဘဏ္ဍာပစ္စည်းများကို တပ်ထံ ပြန်လည်အပ်နှံခြင်း မရှိသလို ဘယ်လိုဖြေရှင်းမှု အသိပေးပြောဆိုမှုမရှိလို့ အရေးယူခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
“ ဤပြစ်မှုသည် တပ်ဖွဲ့တွင်း သာမန် စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုအဆင့်ကိုကျော်လွန်ကာ ကြီးမားသည့် ပြစ်မှုအမျိုးအစားအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်ဟု ကနဦးအဆင့် ကောက်ချက်
ချနိုင်ပါသည်”လို့ MDY PDFက ထုတ်ပြန်ပါတယ်။
ဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်သို့တင်ပြကာကိုမုန်တိုင်းနဲ့ကိုနိုင်ကြီးကို နို
ဝင်ဘာ ၁၅ရက်မှစတင်ကာလက်ရှိ တပ်ရဲ့တာဝန်အားလုံးက ရပ်ဆိုင်းတာ၊ နှစ်ဦးလုံးကို လက်နက်ဖြုတ်သိမ်းပြီး အချုပ်ဖြင့်ထိန်းသိမ်းထားရှိတာ
စတဲ့ အပြစ်ပေးအရေးယူထားတယ်လို့ ဖော်ပြပါတယ်။
“ဤတပ်ဖွဲ့ဝင်နှစ်ဦးသည်တပ်၏ ထိပ်ပိုင်းခေါင်း
ဆောင်များ ဖြစ်နေသည့်အပြင် ပြစ်မှု၏ သဘော
သဘာဝအရ ဤအမှုကို သာမန်တပ်တွင်း စီရင်ဆုံးဖြတ်မှုဖြင့် ဆောင်ရွက်ရန် မသင့်သောကြောင့် အထက်ရုံးဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်
မတော်၊ စစ်ရုံးချုပ်က အမှုတွဲဖြစ်စဉ်ကို လိုအပ်သလို ဆုံးဖြတ် ဆောင်ရွက်နိုင်ရန် သတင်းပို့တင်ပြထားပြီးလည်း ဖြစ်ပါသည်”လို့လည်းMDY PDF
က ထုတ်ပြန်ပါတယ်။
အခုလို စည်းကမ်းထိန်းသိမ်းခြင်းနဲ့ အပြစ်ပေးအရေးယူခြင်းတို့ဟာ သာမာန်အားဖြင့် တပ်တွင်းကိစ္စများသာဖြစ်လို့အများပြည်သူသို့ အသိပေးထုတ်ပြန်လေ့ မရှိသော်လည်း အခုဖြစ်စဉ် အ
ကြောင်းပြုပြီး မလိုလားအပ်တဲ့သတင်းအချက်
အလက်အလွဲအမှားတွေ ၊ တော်လှန်ရေးအကျိုးကို ထိခိုက်စေမယ့် ကောလဟာလအမှားတွေ ပေါ်
ပေါက်လာမယ့် အရိပ်အယောင်တွေ ကြားသိရလို့ တော်လှန်ရေးအကျိုးကို ရှေးရှုပြီး သတင်းထုတ်ပြန်ရတာဖြစ်တယ်လို့လည်းရှင်းလင်းထားပါတယ်။
အခုလို တော်လှန်ရေးရဲ့ခက်ခဲကြမ်းတမ်းသော အခိုက်အတန့်ကာလမျိုးမှာ တော်လှန်ရေးအကျိုးကို ထိခိုက်စေမယ့် သတင်းအချက်အလက် အလွဲအမှားတွေ မဖန်တီး မဖြန့်ဖြူးကြဖို့လည်း မေတ္တာ
ရပ်ခံထားပါတယ်။
အခုကာလမျိုးမှာပြည်သူလူထုကို စိတ်ပိုင်းဆိုင်
ရာ တစုံတရာ အနှောက်အယှက်ဖြစ်စေမယ့် ဖြစ်စဉ် သတင်းမျိုး ပေါ်ပေါက်စေတဲ့အတွက်လည်း MDY PDFက ပြည်သူလူထုတွေကို တောင်းပန်ခဲ့ပါတယ်။
ပြည်သူ့နွေဦးတော်လှန်ရေးကြီးက ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
ဟာ “တပ်ပုံကျ၊ စစ်ပုံကျ”တဲ့ တပ်ဖွဲ့တရပ်ဖြစ်စေဖို့ အစွမ်းကုန် ကြိုးပမ်းတည်ဆောက်နေကြောင်း မန္တလေး PDFက အသိပေးထားပါတယ်။
မန္တလေး PDFဟာ တပ်တည်ဆောက်ရေးလုပ်
ငန်းစဉ်မှာ တပ်ဖွဲ့ဝင်များအကြား တာဝန်/ရာထူး/အဆင့်အတန်း မခွဲခြားဘဲ “အပြစ်ရှိသူကို အပြစ်အလျှောက် ထိုက်သင့်သလို အပြစ်ပေးအရေးယူခြင်း၊ ကျင့်ဝတ်စည်းကမ်းထိန်းသိမ်းကြပ်မတ်ခြင်း” (Disciplinary Action)ဟာလည်း အထူးအရေးကြီးတဲ့ ကဏ္ဍတရပ်အနေနဲ့ ပါဝင်တာနဲ့အညီ မိမိတို့တပ်ဟာ “တပ်တွင်း စည်းကမ်းထိန်းသိမ်းကြပ်မတ်ခြင်း” ကို အထူးအလေးထား ဆောင်ရွက်လေ့ရှိကြောင်း သိရပါတယ်။
မန္တလေး PDFဟာ တပ်ဖွဲ့ဝင်များအကြား တာဝန်/ရာထူး/အဆင့်အတန်း မခွဲခြားဘဲ “အပြစ်ရှိသူကို အပြစ်အလျှောက် ထိုက်သင့်သလို အပြစ်ပေးအရေးယူတာ၊ ကျင့်ဝတ်စည်းကမ်းထိန်းသိမ်းကြပ်မတ်တာ အပါအဝင် “တပ်တည်ဆောက်ရေးလုပ်ငန်းစဉ်” ကို ပိုမိုအားစိုက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပြည်သူ့နွေဦးတော်လှန်ရေးကြီးရဲ့ အန္တိမပန်းတိုင်ဖြစ်သော တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်
ဆောက်ရေး” အတွက် မဆုတ်မနှစ် ဆက်လက်ချီတက်် တိုက်ပွဲဝင်သွားမယ်လို့လည်းအသိပေးထုတ်ပြန်ထားပါတယ်။
(မန္တလေးPDF ၊စစ်ရေးဌာနကြီးမှူးကိုမုန်တိုင်း နဲ့
ထုတ်ပြန်ချက် ။ဓါတ်ပုံ-မန္တလေးPDF)