ကျားဖြန့်ကိစ္စနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအကြောင်း အဓိကထားဆွေးနွေးခဲ့ကြတဲ့ အမေရိကန်လွှတ်တော် ကြားနာပွဲ
အီးကေ/BVJ- ၂၁နိုဝင်ဘာ၊၂၀၂၅



အမေရိကန်အောက်လွှတ်တော်မှာ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ကြားနာပွဲ parliamentary hearingတစ်ခု နိုဝင်ဘာ၁၉ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီကြားနာပွဲမှာ အာဏာသိမ်းစစ်အုပ်စုက လုပ်မယ့်ရွေးကောက်ပွဲ၊ ကျားဖြန့်ကိစ္စအပါအဝင် မြန်မာပြည်သူတွေကို အကူအညီပေးရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
No Exit Strategy: Burma’s Endless Crisis and America’s Limited Optionsလို့နာမည်ပေးထားတဲ့ အထက်ပါကြားနာပွဲကို ရီပက်ဘလစ်ကင်ပါတီ နိုင်ငံခြားရေးကော်မတီက ဦးဆောင်ပြီး အရှေ့အာရှနဲ့ ပစိဖိတ်ဆပ်ကော်မတီ နဲ့ တောင်နှင့် အလယ်ပိုင်း အာရှ ဆပ်ကော်မတီတို့ ပူးတွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
အဲ့ဒီကြားနာပွဲမှာ Witnesses တစ်ဦးအနေနဲ့ တက်ရောက်ခဲ့တဲ့ လူအခွင့်အရေးရှေ့နေပါမောက္ခ Kelley Eckels Currie က ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်မှာ ထိန်းချုပ်ထားတဲ့ မြန်မာ့ရန်ပုံငွေ ဒေါ်လာ ၁.၅ ဘီလျံ ကို မြန်မာပြည်တွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးဖို့အတွက် အသုံးပြုသင့်တယ်လို့ အကြံပြုတောင်းဆိုသွားပါတယ်
ပြီးတော့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း အကြီးအကျယ် ကြီးထွားလာတဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့ အာဏာသိမ်းစစ်အုပ်စုနဲ့ပတ်သက်မှု၊ ဒေါ်လာဘီလျံပေါင်းများစွာ တရားမဝင်ငွေကြေးစီးဆင်းမှုတွေအကြောင်းမြန်မာပြည်အခြေစိုက် ကျားဖြန့်လုပ်ငန်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေ ဒေါ်လာဘီလျံနဲ့ချီဆုံးရှုံးနစ်နာနေကြတဲ့အကြောင်းတွေဆွေးနွေးခဲ့ကြပါတယ်။
အကြံပေး ဆွေးနွေးသွားတဲ့ထဲမှာ အမေရိကန်အစိုးရက အာဏာသိမ်းစစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကို လုံးဝ အသိအမှတ် မပြုဖို့လဲ အဓိကပါဝင်ပါတယ်။
ကျားဖြန့်ကိစ္စတွေဟာ တရုတ်နည်းပညာ၊တရုတ်အစိုးရကျော ထောက်နောက်ခံမပါပဲ ဖြစ်လာဘူးဆိုတဲ့ အချက်ကိုတင်ပြဆွေးနွေးသွားပြီး မြန်မာနိုင်ငံဟာ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရာ ဗဟိုချက်၊တခြားဒုစရိုက်အမျိုးမျိုးရဲ့ ဗဟိုချက်လို ဖြစ်လာနေတဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့ လိုအပ်နေတယ်လို့ တိုက်တွန်းသွားပါတယ်။
မြန်မာပြည်တွင်းမှာ အရပ်သားတွေနဲ့ ကလေးတွေ ဗုံးကြဲသတ်ဖြတ်ခံရတာ၊ ရွာတွေ မီးရှို့ခံရတာတွေကြောင့် ဒုက္ခသည်ပေါင်း သန်းနဲ့ချီပြီး ဖြစ်ပေါ်လာနေတာကြောင့် အမေရိကန်အနေ နဲ့ အာဆီယံ ဘုံသဘောတူချက်၅ချက် (Five-Point Consensus) ကို ပယ်ချပြီး ကိုယ်ပိုင်မူဝါဒ အသစ်နဲ့ ဆက်လက် ဆောင်ရွက်သင့်တယ်လို့ တင်ပြခဲ့ကြပါတယ်။